Wednesday, September 12, 2012

စွမ်းအင်နှင့် သတ္တုကဏ္ဍ ပွင့်လင်းမြင်သာမှုရှိရေး ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်စာချုပ်တွင် မြန်မာပါဝင်လက်မှတ်ရေးထိုးမည်

မြန်မာအစိုးရသည် သတ္တုတူးဖော်ရေးနှင့် စွမ်းအင်ကဏ္ဍများ၌ ပွင့်လင်းမြင်သာမှု ရှိရေးအတွက် ကမ္ဘာလုံးဆိုင်ရာအဆင့် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးရန် ရှိနေကြောင်း မြန်မာသမ္မတရုံး ၀န်ကြီး ဦးစိုးသိမ်းက ယနေ့ နေပြည်တော်၌ ပြောကြားသည်။


ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ အစိုးရ၏ လှုပ်ရှားမှုအရွေ့သည် စစ်အုပ်ချုပ်ရေးအောက် ဆယ်စုနှစ်များစွာ ရှိခဲ့သော နိုင်ငံ့စီးပွားရေး ပြန်လည်တည်ဆောက်ရန် ပြုလုပ်နေသော အသွင်ကူးပြောင်းရေး ဖြစ်စဉ်၏ အစိတ်အပိုင်း တစ်ရပ်ဟု ပြောသည်။ မြန်မာက လက်မှတ်ရေးထိုးမည့် စက်မှုလုပ်ငန်း ပွင့်လင်းမြင်သာမှုဆိုင်ရာ စာချုပ် The Extractive Industries Transparency Initiative Pact သည် နော်ဝေအခြေစိုက် စီးပွားရေးကဏ္ဍပေါင်းစုံ ပါဝင်သော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပြီး၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၌ စွမ်းအင်နှင့် သတ္တုတူးဖော်ရေးကဏ္ဍများတွင် လာဘ်ပေးလာဘ်ယူနှင့် ခြစားမှုများ တိုက်ဖျက်ရန် ရည်ရွယ်သည့် စာချုပ်ဖြစ်သည်။ စာချုပ်တွင် မွန်ဂိုလီးယား၊ ကာဂျစ်စတန်၊ ယီမင်၊ နိုင်ဂျီးရီးယား၊ မာလီ၊ ဘိုလီးဗီးယားနှင့် ပီရူး စသောနိုင်ငံများ လက်မှတ်ရေးထိုးထားပြီး၊ အင်ဒိုနီးရှား၊ ဥဇဘတ်ကစ္စတန်နှင့် တန်ဇန်းနီးယားတို့လည်း လက်မှတ်ရေးထိုးမည်ဟု ဖြစ်သည်။


ဝန်ကြီးဦးစိုးသိန်းက ယင်းစာချုပ်တွင် မြန်မာကုမ္ပဏီများလည်း ပါဝင်ရန်ရှိကြောင်း ဆိုခဲ့ပြီး၊ အသေးစိတ်ကိုမူ ထုတ်ပြောခြင်း မရှိပေ။ ယင်း EITI စာချုပ်အရ ပါဝင်လက်မှတ်ရေးထိုးထားသော အစိုးရများ၊ ကုမ္ပဏီများသည် ၄င်းတို့၏ စွမ်းအင်နှင့် သတ္တုကဏ္ဍဆိုင်ရာ ငွေပေးချေမှု စာရင်းများကို လွတ်လပ်စွာ စစ်ဆေးမှုခံယူပြီး အသေးစိတ် ထုတ်ပြန်ကြေညာရမည်ဖြစ်ကြောင်း သိရသည်
 
From-7DayNewsJournal

No comments:

Post a Comment