တောင်းဆိုသည့်နှစ်ချက်မှာ လက်ပံတောင်းတောင် အရေးဆောင်ရွက်ခဲ့ သော မသွဲ့သွဲ့ဝင်း၊ မအေးနက်၊ မဖြူဖြူဝင်းနှင့် ကိုဝေဠုတို့ ၄ဦးကို ပြန် လွှတ်ပေးရန်၊ထိန်းသိမ်းခံထားရသူ၎ဦး နှင့်တွေ့ဆုံခွင့်ရရန်တို့ တောင်းဆိုခဲ့ပြီး ၀န်ကြီးချုပ် ဦးသာအေးက “ထိုတောင်းဆိုချက်များကို ဒီရက်ပိုင်းအ တွင်း အမြန်ဆုံးလိုက်လျောသွားနိုင်အောင် ကြိုးစား သွားပါ့မယ်”ဟုပြော ကြားကြောင်း ဒေါ်ခင်စန်းလှိုင်ကပြောကြားသည်။
ထိန်းသိမ်းခံထားရသူ ၄ဦးမှာ ပြစ်မှု့များကျူးလွန်ထားသည့်အတွက် ဖမ်းဆီးထားရခြင်းဖြစ်ကြောင်းဝန်ကြီးချုပ်ကရှင်းလင်းပြောကြားခဲ့ကြောင်း မုံရွာသတင်းထောက်က သတင်းပေးပို့သည်။
ယနေ့ညနေ ဖေ့ဘွတ်လူမှုကွန်ယက်တွင် သတင်းပျံ့နှံ့လာသကဲ့သို့ မုံရွာမြို့တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ခြင်းမရှိကြောင်းလည်း 7 Day News မုံရွာသတင်းထောက်က သတင်းပေးပို့သည်။
No comments:
Post a Comment