Tuesday, September 4, 2012

အင်ဒိုနီးရှားလေတပ်ဖွဲ့သည် တိုက်လေယာဉ်သစ် ၄ စင်းအား လက်ခံရရှိခဲ့ခြင်း

အင်ဒိုနီးရှား လေတပ်ဖွဲ့အား အဆင့်မြှင့်တင်ရေး တွန်းအား ပေးဆောင် ရွက် လျက်ရှိစဉ် အင်ဒိုနီးရှား စစ်ဘက်က မှာယူထား သည့် သောင်ကျန်းမှု တိုက်ဖျက်ရေး လုပ်ငန်းသုံး တိုက်လေယာဉ် သစ်များ၏ ပထမ အသုတ်အဖြစ် A-29 Super Tucano တိုက်လေယာဉ် ၄ စင်း သည် စက်တင်ဘာလ ၁ ရက်နေ့တွင် ဂျကာတာမြို့ရှိ Halim Perdanakusuma လေတပ် အခြေစိုက် စခန်း သို့ရောက်ရှိ လာခဲ့ ကြောင်း Newsnow သတင်း တစ်ရပ်အရ သိရှိရပါသည်။ ဈေးနှုန်း ချိုသာပြီး သောင်းကျန်းမှု တိုက်ဖျက်ရေး စွမ်းဆောင်ရည် များရှိသော အဆိုပါ Super Tucano တိုက်လေယာဉ် များကို အင်ဒိုနီးရှား လေတပ်ဖွဲ့၏ သက်တမ်းရင့် OV-10 Broncos လေယာဉ် များနေရာတွင် အစားထိုးသွား မည်ဖြစ်ပါသည်။ အင်ဒိုနီးရှား အစိုးရသည် လေယာဉ်အုပ် ၁ အုပ်လျှင် ၈ စင်းပါဝင်သော အဆိုပါ လေယာဉ်အုပ် ၂ အုပ်အား ဘရာဇီး လေယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီ Embraer ထံမှ ၁ အုပ်လျှင် အမေရိကန် ဒေါ်လာ ၁၄၃ သန်းနှုန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ ပထမအုပ်၏ဒုတိယ ၄ စင်းအား ၂ဝ၁၃ ခုနှစ် အစောပိုင်း တွင် ရောက်ရှိရန် မျှော်မှန်း ထားကြောင်း၊ ဒုတိယအုပ် ၈ စင်းသည် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ နောက်ပိုင်း တွင် ရောက်ရှိ မည်ဖြစ်ကြောင်း၊ ၄င်း လေယာဉ်များ သည် စောင့်ကြည့် ထောက်လှမ်းရေး၊ လေကြောင်း တိုက်ခိုက်ရေးနှင့် သောင်းကျန်းမှု တိုက်ဖျက်ရေး အပါအဝင် ကျယ်ပြန့်သော မစ်ရှင်များ အတွက် အသုံးပြုနိုင် မည်ဖြစ် ကြောင်းနှင့် လေတပ်ဖွဲ့သည် ၄င်းလေယာဉ် များအား အမောင်းသင် လေ့ကျင့်ရေး အတွက် အသုံးပြုရန် စီစဉ် ထားကြောင်း အင်ဒိုနီးရှား လေတပ်ဖွဲ့ ဒုတိယ လေတပ် ဦးစီးချုပ် လေတပ် ဗိုလ်ချုပ်ကြီး ဒီဒီရူဆမ်စီက ပြောကြား ခဲ့ပါသည်။ အဆိုပါ လေယာဉ်များကို Malang မြို့ရှိ Abdulrachman Saleh လေတပ် အခြေစိုက်စခန်းတွင် ထားရှိ မည်ဖြစ်ကြောင်း နှင့် ၄င်း Super Tucano လေယာဉ် များသည် ၅.၄ တန် အလေးချိန်ရှိပြီး ၁၅၅ဝ ကီလိုဂရမ် အလေးချိန်ရှိသော လက်နက်များကို သယ်ဆောင် နိုင်ကြောင်း သိရှိရပါသည

No comments:

Post a Comment