Friday, September 28, 2012

တရုတ်နိုင်ငံလုပ် မီးပုံးဈေးကွက် ကောလင်းမှာနေရာယူပြီ

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့တွင် သီတင်းကျွတ် နီးလာသည်နှင့် ပွဲတော်ကာလ အတွင်း ထွန်းညှိပူဇော်ကြရန် ဈေးကွက်မှာ မီးပုံးပျံ၊ မီးပုံးများ နေရာယူလာကြသည်။ ယခင်က နေအိမ်အဆောက်အဦ များတွင် ဆီမီးရောင်စုံ လျှပ်စစ်မီးလုံးကလေး များ၊ ဆီမီးဖယောင်းတိုင်များဖြင့် သာ မီးပူဇော်ကြေ လ့ရှိသည်။ နှစ် စဉ် မြို့တွင်းလှည့်လည်ကြသော လက်ပန်ကွေ့၊ ခွင်တောင်း ဆီမီး
ပူဇော်အသင်း၊ ကောလင်းမြို့ ကျော်ဇေယျာရပ်ကွက် ဆီမီးတစ် ထောင်အဖွဲ့နှင့် မြောက်အင်းရပ် ဥတ္တရာ ရာမ ပရိယတ်္တိစာသင် တိုက် မြို့နယ်သံဃနာယက အဖွဲ့ ဒု-ဥက္ကဋ္ဌဆရာတော် ဦးကောသလ္လ (စူဠဂန္တ၀ါစက)၏ ၀င်္ကဘာ၊ ဆီမီး တစ်ထောင် လှည့်လည်ပွဲများက နေရာယူထားကြသည်။
ယခုနှစ်ဆိုလျှင် နှီးဘုရား ပူဇော်ပွဲကို လေးကြိမ်မြောက် ကျင်းပပူဇော်ကြမည်ဖြစ်သည်။ နေရာတိုင်းမှာ မီးရှုးမီးပန်းနှင့် ဗျောက်များကို ၀ယ်ယူရရှိနိုင်ပြီး ကောင်းကင်ကို မီးလောင်တိုက် သွင်းနေကြသလား ထင်ရအောင် မီးရှုးမီးပန်းရောင်တထိန်ထိန်၊ ဗျောက်သံတအုန်းအုန်းဖြင့် ပုံမှန် သွားလာရန်မှာ မိန်းမပျိုလေးများ မဆိုထားနှင့် ယောက်ျားများပင် ခက်ခဲလှသည်။
ယခုနှစ် ကောလင်းစည်ပင် ဈေး၏ မီးပုံးဈေးကွက်တွင် မီးပုံး အမျိုးအစားလေးဆယ်ခန့်၊ ဘက် ထရီအားသုံး ကလေးကစားသည့် ကား၊ မီးထွန်းပစ္စည်းနှစ်ဆယ်ခန့် နေရာယူထားသည်။ ခြောက်မြှောင့် မီးပုံး၊ ဂျပန်ပုံစံစက္ကူ မီးပုံးများက ဒီဇိုင်းလှလှကလေးတွေ ဖြစ်လာ ကြသည်။ ရန်ကုန်လုပ် ““မိုမိုကို”” မီးပုံးလှလှလေးတွေကလည်း တရုတ်မီးပုံနေရာကို ထိုးဖောက် ၀င်ရောက်လာကြသည်။
မီးပုံးအမျိုးအစား အရွယ်ကို လိုက်၍ ဈေးနှုန်းက ကျပ် ၄၀၀ မှ ကျပ် ၆၀၀၀ ထိ ရှိသည်။ ကလေးကစားရန် မီးပုံးလှလှ ကလေးတွေက ဈေးကွက်ပြန့်နေ သည်။ ကနုတ်၊ ဘုံကျောင်း၊ ခြောက်မြှောင့်၊ လှိုင်းတွန့်လို ဒီဇိုင်း ဆန်းလှလှ မီးပုံးကလေးများကို ယနေ့လူငယ်တွေ စိတ်ဝင်စားကြ သည်။
မယ်တော်မိနတ်သားကို ရည်စူး၍ တာဝတိံသာမှ ဆင်း သက်လာမည့် မြတ်ဗုဒ္ဓကို ရည်မှန်း ၍ ဆီမီးပုံးလှလှကလေးများဖြင့် ကောလင်းမြို့ရှိ ထေရ၀ါဒ ယုဝ သမဂ္ဂီ လူငယ်ထုအင်အား ၃၀၀ ကျော်နှင့် ဒါနမောင်မယ် လူငယ် အသင်းဝင်အင်အား ၂၅၀ ကျော် တို့က သောင်းသောင်းဖျဖျ ကြိုဆို ရင်း မြန်မာ့ရိုးရာ ၀ါကျွတ်ပွဲတော် ကို ကြိုဆိုငံ့လင့်နေကြသည်။
စီးပွားရေးဈေးကွက် ထိုး ဖောက်မှုတွင် စံပြုနည်းယူထိုက် သော တရုတ်နိုင်ငံလုပ် မီးပုံဈေး ကွက်က ကောလင်းတွင် နေရာ ယူနေပါပြီ။ ရိုးရာယဉ်ကျေးမှု ပီပီ သသဖြင့် ရိုးရာဟန်မပျက်ပူဇော် ဂါရ၀ပြုရမည့်အစား ပကာသန စိတ်ဖြင့် ငွေကြေးဖြုန်းတီးနေကြ သော သူများမဖြစ်လေရအောင် မြန်မာ့ရိုးရာ သီတင်းကျွတ်ပွဲတော်  ကို မြန်မာဆန်ဆန် ကျင်းပသင့်ပါ ပြီ။

ဇင်မာသင်း
From-HotNewsJournal

No comments:

Post a Comment