Saturday, September 1, 2012

ဂျက်စတင်နှင့်ဆက်ဆံရေးအား ဂျက်ဆီကာဘေးလ် ဖွင့်ဟ

ဂျက်စတင်နှင့်ဆက်ဆံရေးအား ဂျက်ဆီကာဘေးလ် ဖွင့်ဟ
သူမနှင့် ဂျက်စတင် တင်းဘားလိတ်ခ်တို့၏ ဆက်ဆံရေးသည် အထင်ကြီး အားကျလောက်ဖွယ် အနေအထားမျိုးဟု ဂျက်ဆီကာဘေးလ်က ဖွင့် ဟ ပြောကြားလိုက်သည်။
အသက်(၃၀)အရွယ် ဂျက်ဆီကာသည် အဆိုတော်မင်းသား ဂျက်စတင်နှင့် စေ့စပ်ထားပြီး လက်ထပ်ပွဲ အတွက် ပြင် ဆင်နေပြီဟု သတင်းများ ထွက်ပေါ်နေသည်။ Social Netork ဇာတ်ဆောင် ဂျက်စတင်နှင့် သူမတို့၏ ဆက်ဆံရေးတွင် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် တန်ဖိုးထား လေးစားခြင်းသည် အခရာအကျဆုံး ညွှန်ကိန်းတစ်ခုဖြစ်ကြောင်း A-Teamစတား မင်းသမီးက ရှင်းလင်း ပြောဆိုခဲ့သည်။


"လက်တွဲဖော်ဆိုတဲ့ ဆက်ဆံရေးမှာ ကျွန်မ ဘယ်အချက်ကို တန်ဖိုးထားလဲ သိလား။ အပြန်အလှန် ဆက်သွယ်မှုပေါ့"ဟု ဂျက်ဆီကာက ဆိုသည်။ "ယောက်ျားနဲ့ မိန်းမဆိုတာ လုံးဝ ကွဲပြားခြားနားတဲ့ အမြင်မျိုးတွေ ရှိနိုင်ပါတယ်။ ဒါကြောင့် နေ့တိုင်းနေ့တိုင်း ပိုကောင်းအောင် ညှိယူပြီး အပြန်အလှန် ဆက်သွယ်နိုင်တယ်ဆိုတာ အထင်ကြီးလောက်စရာ လုပ်ဆောင် မှုမျိုး ဖြစ် လိမ့်မယ်။ ဟုတ်ကဲ့။ ကျွန်မနဲ့ ဂျက်စတင်တို့ရဲ့ ဆက်ဆံရေးက အဲဒီလိုမျိုးပါ"ဟု ဂျက်ဆီကာက ဆိုသည်။ Grazia မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် သူမက ကောလိပ်ကျောင်း ပညာရေး မပြီးဆုံးခဲ့သည့် ငယ်ဘဝအတွက် နောင်တရမိကြောင်းလည်း ဝန်ခံ ခဲ့သည်။
"ကျွန်မ ဘွဲ့ရခဲ့သင့်တယ်လို့ ခံစားရပါတယ်။ ကျွန်မ ပညာရေးမှာ အချိန်သိပ်မပေးနိုင်ခဲ့တဲ့ အတွက်လည်း ခုတော့ နောင်တရနေမိတယ်။ ဒါပေမဲ့ ကျွန်မက ကောလိပ်ကျောင်းသူ အရွယ်မှာ လူကြီးပိုင်းနဲ့ အရမ်းအလုပ်တွဲလုပ် နေရတယ်။ ပြီးတော့ သရုပ်ဆောင် ဘဝကို စူးစိုက် ရွေးချယ်လိုက်တာလည်း ပါပါတယ်။ ကျွန်မရဲ့ ဘဝက အဆင်ပြေပါတယ်။ ဒါပေမဲ့ ကောလိပ်ကို ပြန်သွားပြီး ဘွဲ့တစ်ခုယူဖို့၊ ကောလိပ်ကျောင်းသူ ဘဝရဲ့ အတွေ့အကြုံမျိုးကို ပိုင်ဆိုင်ဖို့တော့ စိတ်ကူးယဉ်နေမိတုန်းပဲ"ဟု ဂျက်ဆီကာက ဖွင့်ဟသွားသည်။

No comments:

Post a Comment