Saturday, September 1, 2012

မီးဖွားဖို့ပြန်လာရင်း အင်္ဂလိပ်စာ အခမဲ့သင်ပေးမယ့် နိုင်းနိုင်းရဲ့ဇနီး

မီးဖွားဖို့ပြန်လာရင်း အင်္ဂလိပ်စာ အခမဲ့သင်ပေးမယ့် နိုင်းနိုင်းရဲ့ဇနီး
အမေရိကန်ပြည်ထောင်စုမှ သြဂုတ်လဆန်းပိုင်း က ပြန်လည်ေ ရာက် ရှိနေသော ရုပ်ရှင်သရုပ်ဆောင် နိုင်းနိုင်း၏ဇနီး စန္ဒီချိုက ယခုတ စ်ခေါက် မြန်မာပြည်အပြန်ခရီးစဉ်တွင် ရန်ကုန်မြို့ပြင်ဒေသများရှိ လူငယ် လူရွယ်များအား အင်္ဂလိပ်စာ အခမဲ့သင်ကြားပေးရန် စီစဉ်လျက် ရှိကြောင်း ပြောကြားသည်။ သူမ၏ တတိယမြောက် ရင်သွေး ကို မွေးဖွားရန် ပြန်လာခြင်းဖြစ်သော်လည်း တစ်ဖက်တွင် အင်္ဂလိပ် ဘာသာစကား သင်ကြားရန် အခွင့်အလမ်းနည်းပါးနေသူများအတွက် ယခုအစီအစဉ်ကို ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သူမ ကပြောသည်။ "ကျွန်မ မြန်မာနိုင်ငံကို ရောက်စဉ်ခဏမှာ ကျွန်မရဲ့ အားလပ်ချိန်တွေကို အင်္ဂလိပ်ဘာသာ စကားသင်ကြားဖို့ အခွင့်အရေး သိပ်မရှိဖြစ်နေတဲ့သူတွေကို စာသင်ပေးရင်း ကုန်ဆုံးမယ်လို့ စဉ်းစားမိတယ်။ ဒါကြောင့် ဒီမှာ ပရဟိတအဖြစ် စာလိုက်သင်ပေးနေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အကူအညီနဲ့ အင်းစိန်၊ ဒါမှမဟုတ် သန်လျင်ဘက်မှာ တစ်ပတ်တစ်ရက်လောက်ဖြစ်ဖြစ် သင်ဖို့ စီစဉ်နေပါတယ်" ဟု စန္ဒီချိုကပြောသည်။ စန္ဒီချိုသည် အမေရိကန်နိုင်ငံ၊ Stony Brook တက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေးဘာသာဖြင့် ဘွဲ့ရရှိထားသူဖြစ်သည်။ "သူ အမေရိကားမှာ ယူထားတဲ့ဘွဲ့ကလည်း နောက်ပိုင်းတောက်လျှောက် ယူအင်န်တို့ အင်န်ဂျီအိုတို့နဲ့ချိတ်ပြီး ဆက်လုပ်ဖို့ အစီအစဉ်ရှိတော့ သူ့လုပ်ရပ်လေးကို ကျွန်တော်ကအားပေးပါတယ်" ဟု နိုင်းနိုင်းကပြောသည်။ နိုင်းနိုင်းနှင့် စန္ဒီချိုတို့သည် ၂၀၀၇ နှစ်ကုန်ပိုင်းက လက်ထပ်ခဲ့ပြီး ယခုအခါ သမီးတစ်ယောက်နှင့် သားတ စ်ယောက် မွေးဖွားခဲ့ပြီးဖြစ်သည်။ ယခု တတိယမြောက် လွယ်ထားရသည့် ရင်သွေး မှာ လေးလခန့်ရှိပြီဖြစ်ကြောင်းနှင့် ပန်းလှိုင်အထူးကုဆေးရုံတွင် မွေးဖွားရန် စီစဉ်ထားေ ကြာင်း နိုင်းနိုင်း ကပြောသည်။

No comments:

Post a Comment