Tuesday, September 4, 2012

ဦးဟန်ညောင်ဝေ မြန်မာပြည်ရောက်ရှိ

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ) ကိုတည်ထောင်သူများတွင် တစ်ဦး အပါအ၀င်ဖြစ်သော ဦးဟန်ညောင်ဝေသည် ယနေ့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံသို့ရောက်ရှိလာကြောင်းသိရသည်။ ၄င်းမြန်မာနိုင်ငံသို့လာရောက်မှုနှင့်ပတ်သက်၍ ရန်ကုန်အခြေစိုက် ဒီဗွီဘီ သတင်းဌာနမှ တာဝန်ရှိသူတစ်ဦးအား လက်ရှိဖြစ်ပွားနေသော ဒီဗွီဘီ ရုံးတွင်းကိစ္စရပ်များဖြေရှင်းရန်လာရောက်ခြင်း ဟုတ်မဟုတ် ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ ဦးဟန်ညောင်ဝေအနေဖြင့် ဒီဗွီဘီ ရုံးတွင်းကိစ္စရပ်များအပေါ် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိသည့် ရုံးတွင်းကိစ္စများဖြေရှင်းရန်လာရောက်ခြင်းမဖြစ်နိုင်ကြောင်း၊ အစိုးရပိုင်း တာဝန်ရှိသူများနှင့် အကြောင်းကိစ္စ တစ်စုံတစ်ရာရှိခြင်းကြောင့် လာရောက်ခြင်းဖြစ်နိုင်ကြောင်း၊ ၄င်းလာရောက်ခြင်းကို မိမိတို့မသိရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

No comments:

Post a Comment