Saturday, September 29, 2012

မျက်နှာ အဆိပ်ထုတ်နည်း

အလှအပ ဆိုတာ  သဘာဝက ပေးတဲ့၊ ဘုရားပေးတဲ့ ဆုတစ်ခုပါပဲ။ ကိုယ့်ရဲ့နဂိုရှိပြီးသား  အလှကိုမှ ထပ်မံ  ခြယ်သ ပြုပြင်ပြီး လှသထက်လှဖို့ ကြိုးစားနေတဲ့ ပျိုမေတွေ အနေနဲ့ အလှကို ထိန်းသိမ်းတတ်ဖို့လည်း လိုပါတယ်။
နည်းပညာတွေ မျိုးစုံရှိတဲ့ ခေတ်ကြီးမှာ အလှပြုပြင်ရေး ဆိုင်ရာ ပစ္စည်း တွေကလည်း ရေတွက်လို့ မရနိုင်အောင်ပါဘဲ။ဒါကိုကြည့်ရင် ကမ္ဘာ မှာ အလှဆင်ကြတဲ့သူတွေ ဘယ်လောက်များလိုက်သလဲဆိုတာ အသိသာကြီးပါ။
ဘာပဲဖြစ်ဖြစ် အလှပြူ ပြင်ရေး ပစ္စည်းတွေကို သဘာဝတရားက ထွက်ရှိတဲ့ အဆီ အနှစ်တွေနဲ့ ပဲ ပြုလုပ်ထား တယ်လို့ ဘယ်လောက်ပဲပြောနေကြပါစေ။ ကြာရှည်ခံဖို့အတွက် နည်းလမ်းတွေကတော့ ပါဝင်နေဆဲပါ။

ဒါကြောင့်မျက်နာ အလှအပ အတွက် မိတ်ကပ်နဲ့ တခြား အလှပြင်  ပစ္စည်းတွေ အသုံးပြုမှာ၊ ပြန်ဖျက်တာ၊ သန့်စင်တာ၊ ပေါင်းတင်တာတွေ ပြုလုပ်ကြရပါတယ်။ အခု အသစ်ထပ်မံ ပေါ်ထွက် လာတာက “အဆိပ် ထုတ်ခြင်း” တဲ့။ ခေတ်ကိုအမှီ လိုက်နိုင်ဖို့ အတွက်  ဒီလို နည်းလမ်း သစ်တွေကိုလည်း လေ့လာစူးစမ်းရပါပြီ။
ကိုယ်နဲ့အတူ စူးစမ်းပေးသူက တေးသံရှင် ရှင်ဖုန်းပါ။

မျက်နာအဆိပ် ထုတ်ခြင်းနဲ့ပတ်သက်ပြီး    ဖြိုး (ရတနာဖြိုး Beauty Salon ) က “နေ့တိုင်း မျက်နှာမှာ မလိမ်းမဖြစ် လိမ်းခြယ်နေရတဲ့ မိတ်ကပ် ပစ္စည်းတွေကို  သုံးပြီးရင်စင်အောင်ဖျက်ဖို့ အင်မတန် အရေးကြီးပါတယ်။ မျက်နှာပြင်မှာရှိတဲ့ အဆီဖုန်မှုန့်တွေကို စင်အောင် မဖျက်နိုင်ရင် ၀က်ခြံ၊ တင်းတိပ်တွေ ထွက်လာပြီးတော့ နေရောင်ထဲ အမြဲထွက်နေရသူတွေအတွက် မျက်နှာ နေလှောင်ပြီး အသားအရေ ညစ်ညမ်း ခြောက်သွေ့ လာမယ်။ စိတ်ဖိစီးမှု ကြောင့်ပဲဖြစ်ဖြစ်၊ အားလုံးအတွက်  ကိုယ်ရဲ့ မျက်နှာကို သဘာဝ နဂို အသာအရေ အတိုင်း အသစ်တစ်ဖန် ကြည်ကြည်လင်လင်နဲ့ မလိုအပ်တဲ့ အဆိပ် အတောက်တွေကို  ဖယ်ရှား ပေးတာက မျက်နှာ အဆိပ်ထုတ် ခြင်းပဲ  ဖြစ်ပါတယ်” လို့ ပြောပါတယ်။

 မျက်နှာမှာ ရှိတဲ့ အညစ်အကြေး တွေကို မိတ်ကပ် Remover နဲ့ ပထမဆုံး ဖျက်တယ်။

USHIDO Fresh Gentle Cleansing Gel နဲ့  မျက်နှာကို သာသာပွတ်ပြီး နှိပ်ပေး လိုက်တော့  မျက်နှာက တင်းတင်းလေးနဲ့ ပြောင်ပြောင်လေး ဖြစ်သွားတယ်။ USHIDO Say Milk Cleansing Wash မျက်နှာသစ် ဆပ်ပြာနဲ့ ပြန်သန့်စင်ရတယ်။ ပြီးတော့ L’OREAL White Perfect, LACTACYDM ရဲ့LIQUIDE Skin Cleansing and Protection နဲ့ နောက်ဆုံး မျက်နှာသစ်တယ်။ LIQUID က ၀က်ခြံ အထွက်များတဲ့ သူတွေအတွက် အဆင်ပြေတယ်။ မျက်နှာမှာရှိတဲ့ အက်စစ်ကိုလည်း ထိန်းပေးတယ်။ Bsc Cold Cream နဲ့ လိမ်းပြီး မျက်နှာပြင် အကြောကို နှိပ်ပေးတယ်။ ရွှေပေါင်း တင်မှုန့်နဲ့ Mask အုပ်ပေးတယ်။

- မျက်နှာပြင်က အပူတွေ စုပ်ပြီး အေးအေးလေး ဖြစ်သွားအောင်  မျက်နှာ တစ်ပြင်လုံးကို သခွားသီး အလွှာတွေနဲ့ မိနစ် ၂၀ ခန့် အုပ်ပေး ရပါမယ်။- မျက်နှာပြင်ကို ရေအေးအေး လေးနဲ့ သန့်စင်ေ အာင် ဆေးကြောပြီးရင် အဓိက ဖြစ်တဲ့ NANHANXLU တံဆိပ် အဆိပ်ထုတ်တဲ့ ဆေးတောင့် ၅ တောင့်ခန့်ကို မျက်နှာပြင် အနှံ့ လိမ်းခြယ်ရပါတယ်။ - အဆိပ်ထုတ်ထားတဲ့ စက်ကလေးနဲ့ ၁၀ မိနစ်လောက် အချိန်ယူပြီး မျက်နှာပြင် အနှံ့မှာရှိတဲ့ အဆိပ်အတောက် တွေကို ချွေးပေါက်တွေက တစ်ဆင့်  ဖယ်ရှား စုပ်ထုတ်ပေးရပါမယ်။
-  ပြီးရင် မျက်နှာပြင်ကို ရေနဲ့စင်အောင် ဆေးကြောလိုက်ရင် အဆိပ်အတောက် ကင်းစင်ပြီး ဖြူစင်ဝင်းတဲ့ မျက်နှာကို ပိုင်ဆိုင်နိုင်ပါပြီ။   
- မျက်နှာ အဆိပ်ထုတ် ပြီးရင်တော့ ၄၅ မိနစ်ခန့် အတွင်း မိတ်ကပ် မလိမ်းခြယ်သင့်ပါဘူး။ မဖြစ်မနေ အပြင်သွားဖို့ ရှိတယ် ဆိုရင်တော့ Sun Cream လိမ်းခြယ်နိုင်ပါတယ်။

ဒီနည်းလမ်းတွေကို တစ်လတစ်ကြိမ် လုပ်ပေးရုံနဲ့ ထူးခြားမှုကို ခံစားရမယ်လို့ ဖြိုးက ဆိုပါတယ်။

ဖူးငုံတို့ရေ မျက်နှာပြင်က အဆိပ်တွေ ထုတ်ပစ်ပြီး ရုပ်လှရုံနဲ့ မပြီးသေး ဘူးနော်။ မိမိရဲ့ စိတ်ထဲက အဆိပ်တွေကိုလည်း ထုတ်ပစ်ပြီး ရုပ်ရောစိတ်ပါလှအောင်  ကြိုးစားဖို့က ပိုပြီး အရေးကြီးပါတယ် လို့။

(ဒီလအတွက် ပါဝင်ကူညီ ပေးကြတဲ့ ရှင်ဖုန်းနဲ့ စမ်းချောင်းမြို့နယ် စမ်းရေတွင်း လမ်းက ဖြိုးနဲ့ ညီအစ်မများ (ရတနာဖြိုး Beauty Salon)ကိုလည်း ကျေးဇူး တင်ရှိပါတယ်။)



ဖူးငုံမဂ္ဂဇင်း
http://shweamyutay.com

No comments:

Post a Comment