Monday, September 10, 2012

Hacker များနှင့် DDOS တိုက်ခိုက်မှုများအတွက် ပြင်ဆင်ဆောင်ရွက်ထားရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းပြောကြား

ရန်ကုန်၊ စက်တင်ဘာ၊ ၆
ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းသည် Hacker များနှင့် DDOS တိုက်ခိုက်မှုများအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန် ရတနာပုံ တယ်လီပို့မှ ၀န်ထမ်းများကိုမှာကြားခဲ့သည်ဟုသိရသည်။ 


 ပြည်ထောင်စုဝန်ကြီးသည် သြဂုတ်လ နှောင်းပိုင်း၌ ပြင်ဦးလွင်မြို့ နယ်ရှိ ရတနာပုံတယ်လီပို့သို့သွား ရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ၀န်ထမ်း များကို ဆိုက်ဘာလုံခြုံရေးအတွက် အမြဲသတိရှိနေရန်မှာကြားခဲ့ကြောင်းသိရသည်။ ပြည်သူများအနေဖြင့် ၀က်ဘ်ပေါ်တယ်ကို များစွာအသုံးပြုနိုင်ရန် ဆောင်ရွက်ရမည်ဟု ပြည်ထောင်စုဝန်ကြီးကပြောကြားခဲ့သည့်အပြင် တန်ဖိုးကြီးမားသည့် စက်ပစ္စည်းများဖြစ်သဖြင့် လုံခြုံစိတ်ချရမှုရှိစေရန် ဆောင်ရွက်ရ မည်ဟုလည်း ပြည်ထောင်စုဝန်ကြီးကပြောကြားခဲ့သည်။၂၀၁၂ ခုနှစ်အတွင်း အစိုးရဌာနဆိုင်ရာများသည် အင်တာနက်ဝက်ဘ်ဆိုက်များကို အပြိုင်အဆိုင်လွှင့်တင်လာခဲ့ကြသည်ဟု အင်တာနက်အသုံးပြုသူများ ကပြောဆိုခဲ့သည့်အပြင် ဆိုက်ဘာတိုက်ခိုက်မှု များလည်း ၂၀၁၂ ခုနှစ်အတွင်း ကာလကြာရှည်စွာဖြစ်ပွားခဲ့သည်ဟုပြောဆိုခဲ့ကြသည်။ ဆက်သွယ်ရေး၏ အပတ်စဉ် ထုတ်ဂျာနယ်၌ ၂၀၁၂ ခုနှစ်အအတွင်း ဆိုက်ဘာတိုက်ခိုက်မှု နှစ် ကြိမ်တိုင်တိုင်ဖြစ်ပွားခဲ့သည်ဟုဖော်ပြထားပြီး တိုက်ခိုက်မှုအားလုံးသည် အစိုးရပိုင်ဝက်ဘ်ဆိုက်များဖြစ်သည့် gov.mm ၀က်ဘ်ဆိုက်များကိုသာဦးတည်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။ အဆိုပါတိုက်ခိုက်မှုများသည် ပြည်တွင်းမှသာဝင်ရောက်လာခဲ့ခြင်းမဟုတ်ဘဲ မလေးရှား၊ အင်ဒိုနီးရှား၊ အမေရိကန်နှင့် အခြားသောနေရာဒေသအသီးသီးမှ တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။
From -internetJournal

No comments:

Post a Comment