Wednesday, September 26, 2012

I Phone 5 နဲ့ ၁၅ သိန်းကတ် အ၀င်ခက်နေ

ဈေးကွက်၌ အသစ်ရောက် လာသည့် I Phone 5 သုံးစွဲရန် အတွက် (၁၅)သိန်းတန် GSM ကိုင်ဆောင်ထားသူများ ဆင်းကတ် ခက်အခဲရှိနေကြောင်းသိရသည်။
ပြည်တွင်း၌ I Phone 5 မှာ ငါးသိန်းနှင့် နှစ်သိန်းတန် GSM ဆင်းကတ်များဖြင့်သာ သုံးစွဲရန် အဆင်ပြေပြီး ယခင်(၁၅)သိန်း GSM များဖြင့် သုံးစွဲ၍ မရနိုင်ဘဲ ဆင်းကတ်လဲလှယ်ရန် လိုအပ် မည်ဟု
လူကြီးမင်း မိုဘိုင်းဖုန်းဆိုင် မှ အရောင်းဝန်ထမ်းတစ်ဦးက ပြောသည်။
““I Phone 5 ရဲ့ ဆင်းကတ် ဆိုက်ဇ်က 1.5mm မို့လို့ (၁၅) သိန်းတန် ဂျီဆင်းကတ်ကလွဲရင် ကျန်တဲ့ ဂျီကတ်အကုန်လွတ်လွတ် ကင်းကင်း ထည့်သုံးလို့ရနေတယ်”” ဟု အထက်ပါ မိုးဘိုင်းဆိုင်မှ ဖြေ သည်။
I Phone 5 အနေဖြင့် ယခု လအတွင်း ပြည်တွင်း မိုဘိုင်းဈေး ကွက်၌ ရေပန်းအစားဆုံးဖြစ်ခဲ့ သော်လည်း လက်ရှိတွင် မိုဘိုင်း ဖုန်းအားလုံး အသုံးပြု၍ မရနိုင် ခြင်းကြောင့် ၀ယ်ယူသူ နည်းပါး နေသေးကြောင်း မိုဘိုင်းဈေးကွက် မှ စုံစမ်းသိရှိရသည်။
““၀ယ်တော့ဝယ်ချင်တယ်။ ဒါပေမဲ့ ဒီဆင်းကတ်ကြီးကို သွား လဲကြည့်ရဦးမယ်။ အဆင်ပြေမှ ၀ယ်ကိုင်လို့ရတော့မှာ””ဟု (၁၅)  သိန်းတန် GSM ကိုင်ဆောင်ထား သူ တစ်ဦးကပြောသည်။
ပြည်တွင်းသို့ ယခုလ (၂၃) ရက်နေ့မှစ၍ I Phone 5 ဖုန်းများ စတင်ဝင်ရောက်လာပြီးလက်ရှိ တွင် ကျပ်(၁၂)သိန်းခွဲခန့်ဖြင့် ရောင်းချနေကြကြောင်းသိရသည်။
From-HotNewsJournal

ဒဂုံသား

No comments:

Post a Comment