Wednesday, September 26, 2012

အစိုးရတပ်နဲ့ ကချင် သူပုန် KIA တိုက်ပွဲ အရပ်သားပြည်သူ ၃ ဦးပြင်းထန်စွာဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူ(ဆိုင်းတောင်) ကျေးရွာအုပ်စု နမ့်မှော်၊ ဆိုင်းအောင်နဲ့ မှော်လကင် ၃ရွာကြားမှာ မနေ့က နေ့လည်ပိုင်းမှာ အစိုးရတပ်နဲ့ KIA တို့ တိုက်ပွဲဖြစ်ပွားခဲ
့တဲ့ အတွက် အရပ်သား (၃) ဦး မိုင်းထိမှန်ကာ ပြင်းထန်စွာ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက
ပြောပါတယ်။


မနေ့ကနှစ်ဘက်တပ်တွေ တိုက်ပွဲပြင်းထန်ပြီး အရပ်သားပြည်သူ ၃ ဦးရဲ့ ခြေ၊ လက် နဲ့ နောက်ကျောဘက် လက်ပျဉ်တွေကို မိုင်းထိမှန်တဲ့ အတွက် ဒဏ်ရာပြင်းထန်တဲ့အကြောင်း၊ ဖားကန့်မြို့နယ် ဆေးရုံမှာ
အတွင်းလူနာအဖြစ် ကုသနေရပြီး မြစ်ကြီးနားဆေးရုံကို လွှဲပြောင်းဖို့ စီစဉ်နေတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။


လက်ရှိအခြေအနေမှာ နှစ်ဖက်တိုက်ပွဲတွေကြောင့် နယ်မြေမလုံခြုံတဲ့ အတွက် နမ့်မှော်ရွာဘက်က ဒေသခံပြည်သူ ၉၄၃ ဦးဟာ ဆိုင်းတောင်ရွာမှာ ရှိတဲ့ ဘုန်းကြီးကျောင်းတွေ ခရစ်ယာန်ကျောင်းတွေနဲ့ လူမှုရေးအဖွဲ့အစည်း တွေက စီစဉ်ပေးတဲ့နေရာတွေမှာ လာရောက် ခိုလှုံနေကြတယ်လို့သိရပြီး အခုဆိုရင် ဖားကန့်ဒေသတစ်ခုလုံးမှာရှိတဲ့ ကယ်ဆယ်ရေးစခန်း ၄၀ကျော်မှာ ဒုက္ခသည်ပြည်သူ တသောင်းကျော် ရှိနေပြီလို့ သိရပါတယ်။


အခုလ ၁၆ရက်နေ့ကနေ ၁၈ရက်နေ့ အထိ ဖားကန့်ဒေသကို ရောက်ရှိခဲ့တဲ့ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ ငြိမ်းချမ်းရေး ခရီးစဉ် အပြီး မနေ့က တိုက်ပွဲဟာ အရပ်သားပြည်သူတွေကို ထိခိုက်စေတဲ့ အပြင်းထန်ဆုံးတိုက်ပွဲဖြစ်တယ်လို့လည်းဒေသခံတွေက ပြောပါတယ်။
From -RFA

No comments:

Post a Comment