Wednesday, September 26, 2012

နေပြည်တော်ဟိုတယ်များတွင်Presidential Suite ထည့်သွင်းရမည်

ရန်ကုန်၊ စက်တင်ဘာ ၂၆
နေပြည်တော်တွင် အဆင့်မြင့် ထိပ်သီး အစည်းအဝေးများ ကျင်းပရာ၌ နိုင်ငံတကာက တက်ရောက်လာမည့် ကိုယ်စားလှယ်များ တည်းခိုနိုင်ရန် နေပြည်တော် ဟိုတယ်တိုင်းတွင် Presidential Suite (အရေးကြီး ပုဂ္ဂိုလ်များအတွက် သီးသန့် အခန်း) အခန်း စုစုပေါင်း ၂၁စုံ ကို တည်ဆောက်ပြီး ဟိုတယ်နှင့် တည်ဆောက်ဆဲ ဟိုတယ်များ အနေဖြင့် ၂၀၁၃ ခုနှစ် အောက်တိုဘာလ တွင်
တည်ဆောက်ရေး လုပ်ငန်းများ အပြီးသတ်ရန် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ပြောကြားသည်။



စက်တင်ဘာလ ၂၅ရက်နေ့တွင် နေပြည်တော် ဝန်ကြီးရုံးတွင် ကျင်းပသော နေပြည်တော် ဟိုတယ် ဇုန်ရှိ General Manager၊ ဟိုတယ် ဆောက်လုပ်ရေး တာဝန်ခံများ နှင့် တွေ့ဆုံပွဲတွင် ဝန်ကြီးက အထက်ပါ အတိုင်းပြောကြားခဲ့ကြောင်း စက်တင်ဘာလ ၂၆ရက်ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြချက်အရ သိရသည်။

နေပြည်တော်ရှိ ဟိုတယ်တိုင်းတွင် အာဆီယံ ထိပ်သီး အစည်းအဝေးများကဲ့သို့ နိုင်ငံတကာက ပါဝင် တက်ရောက်မည့် အစိုးရ အဖွဲ့ခေါင်းဆောင်များ နေထိုင်နိုင်မည့် အခန်း၂စုံ စီရှိပါက တည်းခို နေထိုင်ရာတွင် အဆင်ပြေ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာတွင် ဖော်ပြချက်အရ သိရသည်။

No comments:

Post a Comment