Monday, October 8, 2012

သမ္မတ ဦးသိန်းစိန် ယခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆု ထိပ်ဆုံးထင်ကြေး ငါးဦး စာရင်းတွင်ပါဝင်

ယခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် နိုဘယ်ငြိမ်းချမ်းရေး ဆုရသူကို ထုတ်ပြန်ကြေညာ မည်ဖြစ်ရာ မြန်မာသမ္မတ ဦးသိန်းစိန်မှာ ထိပ်ဆုံးက ထင်ကြေးပေးခံရသူ ၅ ဦးတွင် ပါဝင်လျက်ရှိကြောင်း Bloomgerg သတင်း တွင်ဖော်ပြ ထားသည်။
နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် နာမည်စာရင်း တင်သွင်း ထားသူ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းပေါင်းမှာ ၂၃၁ ခု ရှိကြောင်း နိုဘယ် ငြိမ်းချမ်းရေး ဆုရွေးချယ်ရေးကော်မတီ သတင်း Website တွင်ဖော်ပြထားသည်။

နိုဘယ်ငြိမ်းချမ်းရေးဆု နာမည်စာရင်း တင်သွင်းထားသူများ ထဲမှ ထိပ်ဆုံးမှာထင်ကြေးပေးခံရသူ ငါး ဦးကို Peace Research Institute of Oslo မှအကြီးအကဲဖြစ်သူ Kristian Berg Harpvikenက ခန့်မှန်းပြောဆိုရာတွင် မြန်မာသမ္မတ ဦးသိန်းစိန်မှာ ၎င်း၏ထင်ကြေးပေးသူ စာရင်းတွင် ထိပ်ဆုံး ငါးဦးတွင် ပါဝင်နေခြင်း ဖြစ်သည်။

မြန်မာသမ္မတဦးသိန်းစိန် လက်ထက်တွင် ရာစုနှစ် ထက်ဝက်နီးပါး ပဋိပက္ခဖြစ်ပွားခဲ့သော လက်နက်ကိုင်တပ်ဖွဲ့ ၁၁ ဖွဲ့တွင် ၁၀ဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိအောင် စွမ်းဆောင်နိုင် ခဲ့သည်။

၎င်း၏ ထင်ကြေးပေးခြင်း ခံရသူများမှာ အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်၊ ဂျာမနီနိုင်ငံ အဓိပတိဟောင်း ဟဲမွတ်ခိုးလ်၊ ကမ္ဘာ့နိုင်ငံကြီးများ၏ အတွင်းသတင်းများကို Wikileak သတင်း Website သို့ပေးပို့ခဲ့သော Bradley Manning တို့ပါဝင်လျက်ရှိသည်။

ထို့ပြင်၎င်း၏ ထင်ကြေးပေးခံရသူ စာရင်းတွင် အကြမ်းမဖက် လှုပ်ရှားရေး ဝါဒီ တစ်ဦးဖြစ်သူ အမေရိကန် ပါမောက္ခ ဂျင်းရှပ် လည်း ပါဝင်လျက် ရှိသည်။

နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည်က ၁၉၉၁ ခုနှစ်ကရရှိခဲ့ပြီး ၂၀၁၂ခုနှစ် ဇွန်လမှ ဆုလက်ခံသည့် မိန့်ခွန်းကို ကိုယ်တိုင်ပြောကြားနိုင်ခဲ့သည်



From- News of Myanmar

No comments:

Post a Comment