Monday, October 8, 2012

သမ္မတမှ ပြင်ဆင် ပေးပို့လာသော နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဥပဒေကြမ်းသည် ခရိုနီ နှင့်သက်ဆိုင် သည့်အချက်များကို ပယ်ဖျက်နိုင်မည်ဟု ဥပဒေကြမ်းပူးပေါင်းကော်မတီ ပြောကြား

နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေကြမ်းအားပြန်လည်ပြင်ဆင်ပေးပို့လာသော နိုင်ငံတော် သမ္မတ သဘောထား မှတ်ချက်သည် ခရိုနီ(အစိုးရနှင့်ပူးပေါင်းသော စီးပွားရေးလုပ်ငန်းရှင် )အုပ်စုများအတွက် ပယ်ဖျက်နိုင်လိမ့် မည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီမှပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောလှထွန်း ( ပြည်သူ့လွှတ်တော်ဥပဒေကြမ်းပူးပေါင်းကော်မတီအတွင်းရေးမှုး)က ပြောသည်။ ယင်းဥပဒေကြမ်းကိုဖွဲ့စည်းပုံအြေ ခခံဥပဒေ ပုဒ်မ ၁၀၅ နှင့် အညီ ဥပဒေအဖြစ်ထုတ်ပြန်ကြေညာပေး ရန် ပြီးခဲ့ သည့် စတုတ္ထအကြိမ်လွှတ်တော်ပုံမှန် အစည်းအဝေးအပြီး တွင် ပြည်ထောင်စု လွှတ်တော် မှ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၆ အရ နိုင်ငံတော်သမ္မတထံသို့အတည်ပြုပေး ရန် ပေးပို့ခဲ့သော် လည်း နိုင် ငံတော် သမ္မတ မှ နည်းဥပဒေပါ သတ်မှတ်ချက်နှင့်အညီ ပြည်ထောင်စုလွှတ်တော်သို့ပြန်လည်ပေးပို့ခဲ့ကြောင်း၊ ထို့ကြောင့် လာမည့်လွှတ်တော် အစည်းအဝေးမတိုင်မီ အောက်တိုဘာ လ ၈ ရက်၌ ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ မှ အဖွဲ့တို့သည် အစည်းအဝေးခေါ်ယူ ကာ တွေ့ဆုံညှိနိုင်း လိုက်ကြောင်း သိရသည်။
From- Popular Myanmar News Journal

1 comment:

  1. ဥပဒေကြမ်းကိုပြင်ဆင်သင့်ပါတယ်။ ဒီ investment law ဟာ တိုင်းပြည်အနာဂတ်ကိုအဆုံးဖြတ်ပေးမဲ့ အရာတခုပါ။ အမှားခံလို့မဖြစ်ပါဘူး။

    ReplyDelete