Monday, October 15, 2012

မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ ပြည်ပနိုင်ငံများသို့ တရားမဝင် ခေါ်ဆိုမှုများ ပြုလုပ်ပါက ဖုန်းလိုင်းဖြတ်မည်

တယ်လီဖုန်းလိုင်းများကို ပြည်ပနိုင်ငံများနှင့် တရားမဝင် ခေါ်ဆိုမှုများအ တွက် သံသယဖြစ်ဖွယ် စစ်ဆေးတွေ့ရှိပါက လိုင်းဖြတ်တောက်သွား မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက ယခုလအတွင်း ထုတ်ပြန်ကြေညာ ခဲ့သည်။ ကျေးလက်ဒေသများသို့ မိုဘိုင်းဖုန်းလိုင်း အရစ်ကျ စနစ်ဖြင့် ရောင်းချမည်ဟူသော ကြေညာချက်၌ အထက် ပါကဲ့သို့သော အပြုအမှုများကို စစ်ဆေးတွေ့ရှိပါက
လိုင်းဖြတ်တောက်သွားမည်ဟု ဖော်ပြပါရှိသည်။ နည်းပညာအရ မိုဘိုင်းကွန်ရက်များကို ကျော်လွှားကာ နိုင်ငံတကာသို့ မိုဘိုင်းဖုန်းလိုင်းများ ခေါ်ဆိုနိုင်စေရန် အသုံးပြုသူများက ပြုလုပ်ဆောင်ရွက်လာခဲ့သည့် အတွက် မြန်မာ့ဆက်သွယ်ရေးအနေဖြင့် ပြည်ပနိုင်ငံများသို့ တရားမဝင် ဖုန်းလိုင်းခေါ်ဆိုမှုများသည် နိုင်ငံ၏ ဝင်ငွေကို ထိခိုက်စေသည်ဟုဆိုကာ ပိတ်ပင်မှုများကို ပြုလုပ်ဆောင်ရွက်ရန် ကြေညာချက်များကို ထုတ်ပြန်ခဲ့ကြခြင်း ဖြစ်သည် ဟု လေ့လာသူအချို့က ပြောသည်။ “လူတွေက ဈေးသက်သာဖို့ အဓိကအနေနဲ့ သုံးကြတာ။ သုံးလို့မရအောင်လုပ်။ ရရင်တော့ လူတိုင်းက သုံးနေကြမှာပဲ။ စည်းကမ်းတွေက လူတိုင်းကို လိုက်ပြီးတော့ တားဆီးနေလို့ ရတာမှမဟုတ်တာ။ အင်တာနက်ဆိုင်တွေမှာလည်း အရင်တုန်းက ဒီတိုင်းပြောခဲ့တာ။ နောက်ပိုင်းတော့ လိုက်ပြီး ပိတ်တာမျိုး မရှိခဲ့ဘူး။ လူတွေက လုပ်လို့မရတော့ဘူးဆိုရင် မလုပ်ကြတော့ ပါဘူး။ ဈေးနှုန်း အနေနဲ့ နိုင်ငံခြားခေါ်ဆိုမှုကို သင့်တင့်တဲ့ဈေး လျှော့ချလိုက်ရင်တော့ အဆင်ပြေသွားမယ်။ လူတွေကတော့ ဈေးသက်သာရာဆီကနေ ခေါ်နေကြမှာပဲ” ဟု မိုဘိုင်းဖုန်း အသုံးပြုသူ တစ်ဦးက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

မူရင်းသတင်း - ခေတ်လူငယ်

No comments:

Post a Comment