Monday, October 15, 2012

အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံ လာမည်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဝီလျံဘမ်း သည် မြန်မာနိုင်ငံသို့ လာမည့် အောက်တိုဘာ ၁၇ ရက်တွင် လာရောက် မည် ဟု သိရသည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ တရားဝင်ြေ ပာ ကြား ချက်ကို ဝါရှင်တန်ပို့စ် သတင်းစာက ကိုးကားဖော်ပြရာတွင် အမေရိကန် ဒုတိယနိုင်ငံခြားရေး ဝန်ကြီးသည် အာရှငါးနိုင်ငံ
ခရီးစဉ်အတွင်း မြန်မာနိုင်ငံသို့ပါ သွားရောက်မည်ဟု ဖော်ပြထားခြင်း ဖြစ်သည်။ အမေရိကန် ဒုတိယနိုင်ငံခြားရေး ဝန်ကြီးသည် မြန်မာနိုင်ငံတွင် ရှိနေစဉ် သမ္မတဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရဝန်ကြီးအချို့နှင့်လည်း တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။ ဝီလျံဘမ်းသည် ပြီးခဲ့သည့် ဒီဇင်ဘာလက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်အပြီးတွင် မြန်မာနိုင်ငံသို့ လာရောက်သည့် အဆင့်အမြင့်ဆုံးသော အမေရိကန် သံတမန်တစ်ဦး ဖြစ်ကြောင်းလည်း သိရသည်။ အမေရိကန်နှင့် မြန်မာနိုင်ငံတို့သည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများကြောင့် ဆက်ဆံရေး သိသိသာသာ တိုးတက်ကောင်းမွန်လာခဲ့ပြီး မကြာသေးမီက အမေရိကန်သမ္မတ အိုဘားမားက နိုင်ငံတကာ ဖွံ့ဖြိုးရေး ဘဏ်များအား မြန်မာနိုင်ငံသို့ ငွေကြေးချေးငှားခြင်းများ ပြန်လည်ပြုလုပ်ပေးခွင့် ပြုခဲ့သည်။ ဝီလျံဘမ်းသည် မြန်မာ အပါအဝင် ဂျပန်၊ တောင်ကိုရီးယားနှင့် အိန္ဒိယနိုင်ငံများသို့ပါ သွားရောက်မည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

မူရင်းသတင်း - ခေတ်လူငယ်

No comments:

Post a Comment