Wednesday, October 17, 2012

ရှမ်းပြည်နယ်ဝန်ကြီး ခန့်အပ်တာဝန်ပေး

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံးမှ ရှမ်းပြည်နယ် ဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း၊ အမိန့်အမှတ် (၃၆/၂၀၁၂) ကို ၁၃၇၄ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁ ရက် (၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်) နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ ကြေညာချက်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၆၂၊ ပုဒ်မခွဲ(င)နှင့် ပုဒ်မခွဲ(စ)၊ ပုဒ်မ ၂၆၄၊ ပုဒ်မခွဲ(ဂ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ(ဂ)၊ ပုဒ်မ ၈၂၊ ပုဒ်မခွဲ(ဂ)နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ(ဆ)၊ ပုဒ်မ ၅၆၊ ပုဒ်မခွဲ(က)တို့အရ ဦးအောင်ကျော်ညွန့်အား ရှမ်းပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်ဟု ဖော်ပြထားကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

No comments:

Post a Comment