Wednesday, October 17, 2012

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးများ ပြောင်းလဲတာဝန်ပေးအပ်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတရုံးမှ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးများ ပြောင်းလဲ တာဝန်ပေးအပ်ခြင်း၊ အမိန့်အမှတ် (၃၇/၂၀၁၂) ကို ၁၃၇၄ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁ ရက် (၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်) နေ့တွင် ထုတ်ပြန်ကြေ ညာခဲ့သည်။
အဆိုပါ ကြေညာချက်တွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၆၂၊ ပုဒ်မခွဲ(စ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၂၀၊ ပုဒ်မခွဲ(ခ)နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ(ဆ)တို့အရ (၁) ဦးစန်းမောင် (စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာန)နှင့် (၂) ဦးတင်စိုး (လူမှုရေးဝန်ကြီးဌာန) စသည့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးများအား ယှဉ်တွဲပါ ဝန်ကြီးဌာနများတွင် ပြောင်းလဲ တာဝန်ပေးအပ်လိုက်သည်ဟု ဖော်ပြထားကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

No comments:

Post a Comment