Monday, October 8, 2012

ဒေါ်အောင်ဆန်းစုကြည်ပြောသည့် တရုတ်ခရီးစဉ်ကိစ္စ

"တရုတ်နိုင်ငံကို သွားဖို့က ဘာမှ အစီအစဉ်မရှိသေးပါဘူး။ ဒါပေမဲ့လည်း သွားချင်တဲ့စိတ်တော့ရှိပါတယ်။ သွားချင် တဲ့စိတ်ဆိုတာကလည်း အမေရိကန် ပြည်ထောင်စုကိုသွားလို့ ဒီတရုတ်နိုင်ငံကနေပြီးတော့ စိုးရိမ်မှာ စိုးလို့ဆိုတဲ့ စိတ်နဲ့မဟုတ်ပါဘူး။ တရုတ်နိုင်ငံက အိမ်နီးချင်းနိုင်ငံလည်း ဖြစ်တယ်။ အိမ်နီး ချင်းနိုင်ငံကြားမှာ ဆက်ဆံရေး ကောင်းဖို့ဆိုတာလည်း အရေးကြီးလို့ သွားချင်တဲ့စိတ်ရှိတာပါ။ တရုတ်နိုင်ငံ သူ၊ နိုင်ငံသားတွေ ကလည်း ကျွန်မတို့ကို တော်တော်လေး ဖေးဖေးမမ ရှိပါတယ်။ တရုတ်နိုင်ငံကပြည် သူတွေ နဲ့ မြန်မာပြည် သူတွေကြားမှာ ပိုပြီးရင်းနှီးမှု ရှိစေချင်လို့ သွားချင်တာပါ။ တရုတ်နိုင်ငံကပဲ ဖြစ်ဖြစ် အမေရိကန်ပြ ည်ထောင် စုကပဲ ဖြစ်ဖြစ် မြန်မာနိုင်ငံက ဟိုဘက်ဒီဘက် သိပ်ပြီးတော့ နီးစပ်သွားမှာ စိုးရိမ်မှုတွေကတော့ ရှိဖို့မလိုဘူးလို့ ထင်ပါတယ်"

From- 7Day News Journal

No comments:

Post a Comment