Monday, October 8, 2012

မျိုးဆက်သစ်ပြဿနာ ဒေါ်အောင်ဆန်းစုကြည် မှတ်ချက်ပြုပြောကြား

"အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ ရုန်းကန်ခဲ့ရတာ အနှစ် ၂၀ ကျော်ပါပြီ။ အနှစ် ၂၀ ကျော်လို့လည်း အားလုံးသိတာလည်းမဟုတ်ဘူး။ အားလုံးမှန်တာလည်း မဟုတ်ပါဘူး။ အခုမှ အရင်တုန်းကထက်စာရင် ပိုပြီးတော့ လုပ်ပိုင်ခွင့်တွေရလာလို့ နိုင်ငံရေးပါတီတစ်ခုအနေနဲ့ ပီပီပြင်ပြင် ရပ်တည်နိုင်ဖို့ ကြိုးစားနေရတဲ့
အချိန်ပါ။ ဒီကြိုးစားနေတဲ့နေရာမှာ မျိုးဆက်သစ်တွေ အများကြီးလိုပါတယ်။ မျိုးဆက်သစ်တွေ ရှာတဲ့နေရာမှာ အဓိက ပြဿနာ တစ်ခုနဲ့ သွားသွားပြီး တိုးပါတယ်။ အဲဒီပြဿနာက ဘာလဲဆိုတော့ အင်မတန်မှ ညံ့ဖျင်းခဲ့တဲ့ ပညာရေးပြဿနာပါ။ နှစ်ပေါင်း ၅၀ ကျော် ညံ့ဖျင်းခဲ့တဲ့ ပညာရေးပြဿနာကြောင့် မျိုးဆက်သစ်တွေထဲမှာ လုပ်နိုင်ကိုင်နိုင်တဲ့အရည်အချင်းပြည့်ဝတဲ့သူတွေ ရှားသွားပါတယ်။ ကျွန်မတို့ရဲ့ ပြည်သူတွေ မတော်လို့ မဟုတ် ပါဘူး။ ပညာရေးစနစ် ညံ့ဖျင်းလို့ဖြစ်ရတဲ့ ပြဿနာပါ။ ဒီအကျိုးဆက်ကို ကျွန်မတို့ တတ်နိုင် သလောက် ပြုပြင်နိုင် ဖို့၊ ရုန်းထွက်နိုင်ဖို့ ကြိုးစားရမယ်"

From- 7Day News Journal

No comments:

Post a Comment