Wednesday, October 3, 2012

မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာ အဖွဲ့တွင် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ပါဝင်ရန် အဆိုအတည်ပြု

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးစိန်ဝင်းအား မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာ အဖွဲ့တွင် ပါဝင်နိုင်ရန် ပထမအ ကြိမ် ရန်ကုန်တိုင်းဒေသကြီး စတုတ္ထပုံမှန်အစည်းအဝေး စတုတ္ထ နေ့တွင် အတည်ပြုခဲ့သည်။ ပြည်သူ့လွှတ်တော်၊ အမျိုး သားလွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော် များမှ အာဆီယံပါလီ မန်၊ ဥရောပ ပါလီမန်နှင့် အပြည် ပြည်ဆိုင်ရာ ပါလီမန်များတွင် အဖွဲ့ဝင်အဖြစ် ပါဝင်နိုင် ရန် မြန်မာ နိုင်ငံ လွှတ်တော်ဆိုင်ရာ အဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးစိန်တင်ဝင်း အား မြန်မာနိုင်ငံ လွှတ်တော် ဆိုင်ရာ အဖွဲ့တွင် ပါဝင်နိုင်ရန် ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဇော်အေးမောင်က အဆိုတင်သွင်း ၍ ကမာရွတ်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) မှ ဦးမြင့်ငွေက ထောက်ခံခဲ့ပြီး လွှတ်တော်က သဘောတူခဲ့ခြင်းဖြစ်သည်။

From- Popular Myanmar News Journal‎

No comments:

Post a Comment