ရဲတပ်ဖွဲ့အနေဖြင့် သက်သေ ခိုင်လုံမှသာ ဖမ်းဆီးအရေးယူမှု ကို
ဆောင်ရွက်နိုင်သည့် အတွက် ခိုင်မာသည့်သတင်းပေးသူရှိပါက သတင်း ပေးသူကို
လျှိုဝှက်၍ဒိုင် ကြီးများအား ဖမ်းဆီးသွားမည်ဟု ၄င်းက ပြောသည်။
ယခင်နှစ် ဇူလိုင်လမှ စ၍ လောင်းကစားမှုပပျောက်ရေး စီမံ ချက်ကို ရေးဆွဲ၍ ၄င်းတို့ဘက်မှ ကြိုးပမ်းဆောင်ရွက်လျက် ရှိပြီး ပြည်သူများ၏ သတင်းပေးမှုဖြင့် အထက်ဌာနမှ ဝင်ရောက်ဖမ်းဆီး ခဲ့ရသဖြင့် သက်ဆိုင်ရာ နယ်မြေရှိ မြို့နယ်စခန်းမှူးနှင့် နယ်ထိန်းများ ကိုလည်း ပြစ်ဒဏ်ချအရေးယူမှု များ ဆောင်ရွက်ခဲ့ခြင်းလည်း ရှိ သည်ဟု ¸၄င်းက ပြောသည်။
စီမံကိန်း စတင်အကောင်အ ထည်ဖော်ခဲ့သည့် ၂ဝ၁၁ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ ၂ဝ၁၂ ခုနှစ် ဇွန်လ ၃ဝ ရက်နေ့ အထိ တာဝန် ကျေပွန်စွာ မထမ်းဆောင်နိုင်ခဲ့ သည့် အရာရှိ ၁၇၄ ဦးနှင့် အခြား အဆင့် တပ်ဖွဲ့ဝင် ၇၉ ဦးကို အရေးယူခဲ့ပြီး နှစ်လုံး၊ ချဲ၊ ဖဲ၊ ဂျင်၊ ဘောလုံးနှင့် အခြားအမှု ၆၆ဝ ကျော်ကိုလည်း ယခင်နှစ်ထက် ပိုမိုအရေးယူနိုင်ခဲ့သည်ဟု ၄င်းက ပြောသည်။

ဟားဟားဟား ရီချင်လိုက်တာ ။ လောင်းကစားဒိုင်တွေကို အသိဆုံးကဘယ်သူတွေလဲ။ စီမံချက်ရှိရင် သတင်းပို့တာဘယ်သူတွေလဲ။ နယ်ထိန်းတစ်ယောက် ကို ဥပမာ အနေနဲ့ ရဲစစ်နည်းအတိုင်း သူနယ်ထဲမှာ ဒိုင်ဘယ်နှစ်ယောက် ရှိသလဲစစ် ကြည့်ပါလား။
ReplyDelete