Thursday, October 11, 2012

ကွန်တိန်နာတွင်းတွေ့ရှိတဲ့လက်နက် အကောက်ခွန်မှ အဓိကတာဝန်ရှိ

ဒိုင်းမွန်းစတားကုမ္ပဏီ၏ ဂျုံစေ့ကွန်တိန်နာအတွင်း ပစ္စတိုသေနတ် ၁ လက်နှင့် ကျည်ကဒ်များ တွေ့ရှိခဲ့ခြင်းနှင့်ပတ်သက်၍ အကောက်ခွန်ဦးစီး ဌာနမှ အဓိကတာဝန်ရှိသည်ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့မှ တွေ့ရှိခဲ့ကြောင်း စုံစမ်းစစ်ဆေးမှုအစီရင်ခံစာအရ သိရသည်။

ယင်းစုံစမ်းစစ်ဆေးမှုအစီရင်ခံစာမှာ အောက်တိုဘာလ၁၀ရက်နေ့တွင် စုံစမ်းစစ်ဆေးရေး အဖွဲ့မှ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသည့် အစီရင်ခံစာဖြစ်သည်။ အဆိုပါကွန်တိန်နာအား တင်ဆောင်လာသော M.V Vission-1204 သင်္ဘောသည် ရန်ကုန်ဆိပ်ကမ်း၊ MITT တံတားသို့ စက်တင်ဘာ၁၂ရက်နေ့တွင်ရောက်ရှိပြီး၊ ၎င်းကုန်သေတ္တာအပါအ၀င် ဒိုင်းမွန်းစတားကုမ္ပလိမီတက်၏ ဂျုံစေ့ကွန်တိန်နာ ၄၀လုံးအား စက်တင်ဘာလ ၂၁ရက်နေ့တွင် ၁၈လုံးနှင့် ၂၂ ရက်တွင် ကွန်တိန်နာ ၂၂လုံးအား ဆိပ်ကမ်းမှ ထုတ်ယူခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာလ ၂၂ရက်နေ့ညအချိန်တွင် ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်၊ အရှေ့ပိုင်း၊ အမှတ် ၅၀-၅၂၊ ကနောင်မင်းသားကြီးလမ်းရှိ ဒိုင်းမွန်းစတား ကုမ္ပဏီလိမီတက်ပိုင်၊ ဂျုံစက်ရုံ၌ ပါကစ္စတန်နိုင်ငံမှ တင်သွင်းလာသော ဂျုံစေ့ကွန်တိန်နာ (BLZU -2118418) အား ဖွင့်ဖောက်ရာ ဂျုံစေ့များထဲမှ အိတ်တ အိတ်တွေ့ရှိသဖြင့် ဖွင့်ဖောက်ကြည့်ရာ ပစ္စတိုသေနတ် ၁လက်၊ ၎င်းကျည် ၁၅ တောင့်နှင့် ကျည်ကဒ် ၂ခု တို့အား တွေ့ရှိခြင်းဖြစ်သည်။

သို့ဖြစ်၍ စက်တင်ဘာလ၂၃ ရက်နေ့တွင် ဒိုင်းမွန်းစတားကုမ္ပလီမီတက်မှ အထွေထွေ မန်နေဂျာ ဒေါ်ချော ကလျာအေးမှ စက်တင်ဘာလ၂၄ရက်နေ့၊ ညနေ ၅နာရီခန့်တွင် မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်သို့ သတင်းပေး ခဲ့တာ ဖြစ်ကြောင်းလည်း သိရသည်။

From- ဧရာဝတီ

No comments:

Post a Comment