Monday, October 8, 2012

ဒဂုံဆိပ်ကမ်းလယ်ယာမြေ အရှုပ်အရှင်းများ မကြာမှ ပြေလည်သွားနိုင်ဟုဆို

ဒဂုံဆိပ်ကမ်းမြို့နယ် အတွင်း ဖြစ်နေသည့် လယ်ယာမြေ အရှုပ်အရှင်း ကိစ္စများ မကြာမီအားလုံး အဆင်ပြေ သွားနိုင်ကြောင်း ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုး ပါတီမှ အတွင်းရေးမှူး ဦးအေးမြင့်ကပြောကြားသည်။ ယမန်နေ့က ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုး ရုံးချုပ်တွင်း လယ်ယာမြေပြဿနာဖြစ်နေ သည့် ဒဂုံဆိပ်ကမ်းမြို့နယ် ဇုန် ၁ မှ လယ် သမားများနှင့် ကုမ္ပဏီမှ တာဝန်ရှိသူများ တွေ့ဆုံ ဆွေးနွေးမှုများ အပေါ် အခြေခံ၍ ၄င်းက ပြောကြား သည်။
ယင်းတွေ့ဆုံမှုအရ ကုမ္ပဏီနှင့် လယ်သမားများကြား အပြီးသတ် ညှိုနှိုင်းနိုင်မှု မရရှိခဲ့သည့်တိုင် အဆင်ပြေ သည့် တွေ့ဆုံဆွေးနွေးမှု တစ်ရပ်ဖြစ်ပေါ် ခဲ့ကြောင်း သတင်းရရှိသည်။
“ရလဒ်ကတော့ အဆင်ပြေတယ်။ အားလုံးကောင်းတယ်၊ မကြာခင် အားလုံးပြေလည်သွားမယ့် အနေအထားရှိ ပါတယ်” ဟု ဦးအေးမြင့် ကပြောကြားသည်။

No comments:

Post a Comment