Wednesday, October 3, 2012

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာ့ဒီမိုကရေစီအကူးအပြောင်းများကို ချီးကျူးဂုဏ်ပြုရင်း အမေရိကခရီးစဉ်ကို အဆုံးသတ်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အရှေ့ဥရောပ၊ တောင်အာဖရိကနှင့် လက်တင်အမေရိကနိုင်ငံများ၏ ဒီမိုကရက်တစ်အကူးအပြောင်းပုံစံများကို ချီးကျူးဂုဏ်ပြုရင်း ၄င်း၏ ၁၇ ရက်ကြာမြင့်သည့် အမေရိကခရီးစဉ်ကို အဆုံးသတ်လိုက်ပြီဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအနေဖြင့် ကိုယ်ပိုင် ဒီမိုကရေစီပုံစံ ဖြစ်ပေါ်လာအောင် ပြုလုပ်ရ မည်ဖြစ်ကြောင်းနှင့်အမေရိကတွင် ရှိသည့်ပုံစံနှင့် တူနိုင်လိမ့်မည် မဟုတ်ကြောင်း အောက်တိုဘာလ ၂ ရက်နေ့က ပြောကြားခဲ့သည်။

"မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီက အမေရိကရဲ့ ဒီမိုကရေစီပုံစံလိုတော့ မဖြစ်နိုင်ဘူး။ ဘာလို့လဲ ဆိုတော့ မြန် မာနိုင် ငံက အမေရိကမဟုတ်လို့ပဲ"ဟု ဒေါ်အောင်ဆန်းစုကြည် က လော့အင်ဂျလိစ်မြို့တွင် မြန်မာ မိသားစုများနှင့် တွေ့ ဆုံရာတွင်ထည့်သွင်းပြောကြားခဲ့သည်။


မဟုတ်ဘူး။ ကျွန်မအနေနဲ့ စစ်အစိုးရက ထောက်ခံပြောကြားနေတဲ့ စည်းကမ်းပြည့်ဝသောဒီမိုကရေစီဆို "နိုင်ငံတိုင်းကတော့ ကိုယ်ပိုင်ဒီမိုကရေစီကို ပုံဖော်ကြတာပဲ။ ဒီမိုကရေစီဆိုတာ အပေါ်ကနေ သွတ်သွင်းသင့် တဲ့ အရာတော့တာကိုအမြဲတမ်းဆန့်ကျင်ခဲ့ပါတယ်"ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ၄င်း၏ အမေရိကခရီးစဉ်တွင် သမ္မတ အိမ်ဖြူတော် တွင် အမေရိကန်သမ္မတ ဘားရက်အိုဘားမားနှင့် သီးသန့်တွေ့ဆုံမှု အပါအ၀င် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်၊ အမေရိကန်လွှတ်တော်အမတ်များ၊ အမေရိကေ ရာက် မြန်မာ များနှင့် တွေ့ဆုံမှုများ ပြုလုပ်ခဲ့သည်။ ထို့ပြင် ကမ္ဘာကျော် ယေးလ်နှင့် ဟားဗတ်တကသိုလ်များတွင်လည်း မိန့်ခွန်းပြောကြားခဲ့သည်။


ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကခရီးစဉ်အတွင်း အမေရိကန်ကွန်ဂရက် လွှတ်တော်မှအရပ်သားများအား ချီးမြင့်သည့် အမြင့်ဆုံးဆုဖြစ်သည့် ကွန်ဂရက်ရွှေတံဆိပ်ဆုကို လက်ခံရယူခဲ့သလိုအခြားသောဂုဏ်ပြုဆုများကိုလည်း လက်ခံရယူခဲ့သည်။


အလားတူ ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ပြည်ထောင်စုတွင် ရောက်ရှိနေစဉ် ကုလသမဂ္ဂ အထွေထွေညီလာခံတက်ရောက်ရန် နယူးယောက်မြို့တွင် ရောက်ရှိနေသည့် သမ္မတ ဦးသိန်းစိန်နှင့် လည်း တွေ့ဆုံခဲ့သေးသည်။


သမ္မတဦးသိန်းစိန်က "သူမအနေနဲ့ တိုင်းပြည်ခေါင်းဆောင် ဖြစ်လာတယ်၊ မဖြစ်လာဘူးဆိုတာ ပြည်သူတွေ ရဲ့ ဆန္ဒသဘောပေါ်မှာ မူတည်ပါတယ်။ တစ်ကယ်လို့ ပြည်သူတွေက သူမကို လက်ခံတယ်ဆိုရင် ကျွန်တော့်အနေနဲ့ သူ့ကို လက်ခံ ရမှာပါပဲ"ဟု BBC ၏ Hardtalk အစီအစဉ်နှင့် တွေ့ ဆုံမေးမြန်းခန်း တွင် ပြောကြားခဲ့သည်။


 မြန်မာနိုင်ငံရဲ့ သမ္မတ ဖြစ်လာခဲ့ရင် ဘယ်လိုကိုင်တွယ်သွားမလဲဆိုတာကို လော့အင်ဂျလိစ် ရှိ မြန်မာမိသားစု များနှင့် တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်အား မြန်မာနိုင်ငံ၏ သမ္မတ ဖြစ်လာခဲ့ ပါကမည်သို့ ဆောင်ရွက်သွားမည်ဆိုသည့် မေးခွန်းကို မေးမြန်းခဲ့ရာတွင် ဒေါ်အောင်ဆန်း စုကြည်က "တစ်ကယ်လို့ ကျွန်မဟာ မေးတာထက် လက်ရှိ မြန်မာ သမ္မတက အခြေအနေတွေကို ဘယ်လိုကိုင်တွယ်နေ တယ် ဆိုတာကို စဉ်းစားသင့်ပါတယ်။ လက်တွေ့ကျကြပါ"ဟု ဖြေကြားခဲ့သည်။


မြန်မာနိုင်ငံအနေဖြင့် မည်သည့်ဒီမိုကရက်တစ်ပုံစံကို ရှာဖွေနေသလဲဆိုသည့်မေးခွန်း ကို ဒေါ်အောင်ဆန်းစုကြည်က "ကျွန်မတို့အနေနဲ့ နေရာမျိုးစုံက လေ့လာစရာ သင်ခန်းစာတွေ အများကြီးပါပဲ။ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ မွန်ဂိုလီးယား၊ အင်ဒိုနီးရှား စတဲ့အာရှနိုင်ငံတွေသာ မဟုတ်ပါဘူး" ဟု ပြောကြားခဲ့သည်။


"၁၉၈၀ ပြည့်နှစ်တွေကနေ ၁၉၉၀ ပြည့်နှစ်တွေအထိ ကွန်မြူနစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို

ကူးပြောင်းခဲ့ကြတဲ့ အရှေ့ဥရောပနိုင်ငံတွေ၊ စစ်အစိုးရလက်ထက်ကနေ ကူးပြောင်းခဲ့ကြတဲ့ လက်တင်အမေရိ ကနိုင်ငံတွေလည်း ရှိပါတယ်။ နောက်ပြီး ကျွန်မတို့အနေနဲ့ တောင်အာဖရိကကိုလည်း မမေ့သင့်ပါဘူး။ ဘာလို့လဲဆိုတော့ စစ်အစိုးရမဟုတ်ပေမယ့်လည်း အာဏာရှင်အစိုးရ ဖြစ်လို့ပါပဲ"ဟု ၄င်းက ဆက်လက်ပြောကြားခဲ့သည်။


ဒေါ်အောင်ဆန်းစုကြည်သည် ၄င်း၏ ၁၇ ရက်ကြာမြင့်သည့် အမေရိကခရီးစဉ်ကို အဆုံးသတ် လိုက်ပြီဖြစ်ပြီး မြန်မာနိုင်ငံသို့ပြန်လာရန် အမေရိကန်ပြည်ထောင်စုမှ အောက်တိုဘာလ ၃ ရက်နေ့ (ယနေ့)တွင် ထွက်ခွာလာမည်ဖြစ်သည်။
 
From- Eleven Media Group

No comments:

Post a Comment