အမေရိကန်ပြည်ထောင်စု အိုင်အိုဝါပြည်နယ်
အခြေစိုက်ရခိုင်အမျိုးသားရေး အသင်းမှ ရသေ့တောင်မြို့ နယ်
ရခိုင်လူထုအစည်းအဝေး၏ အတည်ပြု သတ်မှတ်ချက်များအား ထောက်ခံပွဲ အစည်းအဝေး
တစ်ရပ်ကို ယမန်နေ့  အောက်တိုဘာလ(၁၄)ရက် နေ့လည် (၁)နာရီမှ ညနေ(၄)နာရီထိ
အောင်မြင်စွာ ကျင်းပခဲ့သည်။
ထိုအစည်းအဝေးသို့ အမေရိကန်ပြည်ထောင်စု ပြည်နယ်အသီးသီးမှ
ရခိုင်ကိုယ်းစားလှယ်များ မြန်မာတိုင်းရင်းသားများအပါအ၀င် လူ (၁၀၀)ခန်
့တက်ရောက်ခဲ့ပြီး အစည်းအဝေးတွင် အဓိကအကြောင်းအရာ အချက်သုံးချက်ကို
ဆွေးနွေးတင်ပြဆုံးဖြတ်ခဲ့သည်။
ရသေ့တောင်မြို့ ၌ ပြုလုပ်ကျင်းပခဲ့သည့် ရခိုင်ဒေသလူထုအစည်းအဝေး၏
တောင်ဆိုချက်(၁၈)ချက်၊ ကန့်ကွက်ချက်(၆)ချက်၊ အကြံပြုချက် (၃)ချက်ကို
တက်ရောက်လာသူများမှ အပြန်အလှန် ဆွေးနွေးတိုင်ပင် သုံးသပ်ကြပြီး
တက်ရောက်လာသူအားလုံးမှ တစ်ညီတစ်ညွတ်တည်း
ထောက်ခံကြောင်းအတည်ပြုသတ်မှတ်ခဲ့ကြသည်။ ထိုအချက်(၁၈)ချက်အားလည်း
မြန်မာအစိုးရမှ ဆောင်ရွက်ပေးရန် တိုက်တွန်းနိုးဆော်လိုက်သည်။
ကမ္ဘာ့မူဆလင်အဖွဲ့ချုပ်(OIC)သည် ရခိုင်ပြည်၌ ရုံးခန်းဖွင့်လှစ်၍
ရခိုင်လူမျိုးနှင့် ဘင်္ဂလီလူမျိုးတို့ အတူယှဉ်တွဲနေထိုင်ရေးဆိုသော
အစီအစဉ်ကို အကျယ်တ၀န်း ဆွေးနွေးတင်ပြခဲ့ကြသည်။ ယင်းအတူယှဉ်တွဲနေထိုင်ရေး
အစီအစဉ်အား ရခိုင်ပြည်တွင်းမှ ရခိုင်ပြည်သူများနှင့်အတူ ကန့်ကွက်ပါကြောင်း၊
ဘင်္ဂလီများအား OIC အဖွဲ့ဝင်နိုင်ငံများက ခေါ်ယူကူညီပေးကြပါရန်
ရခိုင်ပြည်နယ်ကို အစ္စလာမ်မူပြုရေးအစီအစဉ်ကို
ရပ်တန့်ကရပ်ရန် တိုက်တွန်းလိုကြောင်း၊ လိုအပ်လာလျှင် ကျွန်တော်တို့ တထွေ
အရေးကြီးက သွေးနီရလိမ့်မည်ဖြစ်ပါကြောင်း အသင်းနာယက ဦးစံသာကဆိုသည်။
"(OIC) အဖွဲ့ ချုပ်သာ ရခိုင်ပြည်၌ ရုံးခန်း ဖွင့်လှစ်မည်ဆိုရင်
သမိုင်းလိမ် တရားမ၀င် ဘင်္ဂလီတွေကို ကျောထောက်နောက်ခံပြုပြီး
မြန်မာတိုင်းရင်းသားအဖြစ် အသိအမှတ်ပြုဖို့ ကမ္ဘာသို့ ထပ်ပြီး
လိမ်လည်နေအုံးမှာသာဖြစ်ပါတယ်။ (OIC)အခြေစိုက်ရောက်ရှိလာပါက
ရခိုင်ပြည်သူတွေရဲ့ အသက်အိုးအိမ်များ လုံခြုံမှုမရှိတဲ့အပြင် ပြည်ထောင်စု
မြန်မာနိုင်ငံတွင် မလိုလားတဲ့ ပြဿနာ ပဋိပက္ခများသာ ရရှိလာနိုင်ပါတယ်။
မြန်မာသမိုင်းတစ်လျှောက်မှာ စစ်ပွဲတွေကြောင့် ဒုက္ခရောက်ခဲ့ရသူတွေ၊
သဘာဝဘေးဒဏ်ကြောင့် ဒုက္ခရောက်ခဲ့ရသူတွေ များစွာရှိခဲ့ပါတယ်။ ဒါပေမယ့် (OIC)က
မည်သည့်အခါကမှ အကူအညီပေးခဲ့ဖူးတာမတွေ့ရှိရဘူး။ ခုဖြစ်ပေါ်ခဲ့တဲ့
ဘင်္ဂလီ-ရခိုင် အဓိကရုဏ်းကျမှ ၀င်ရောက်စွက်ဖက် လာတားတာဟာ
ကျနော်တို့ သွေးရိုးသားရိုးမဟုတ်ဘူးလို့ ကျနော်တော့ ယူဆမိတယ်။" ဟု အသင်းဥက္ကဋ္ဌ ကိုအေးလွင်မှ ပြောသည်။
ယင်းအခမ်းအနားတွင် ရခိုင်အမျိုးသားရေးအသင်းအနေဖြင့် ပြည်တွင်းပြည်ပမှ
တိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့်အတူ နိုင်ငံတကာရောက်
ရခိုင်မိသားစုများအနေဖြင့် ကမ္ဘာ့မူဆလင်အဖွဲ့ချုပ်(OIC)မှ မြန်မာနိုင်ငံ၌
ရုံးခန်းဖွင့်ရန်နှင့် စာချုပ် ချုပ်ဆိုထားခြင်းအား ဖျက်သိမ်းပေးရန်
နိုင်ငံတော်သမ္မတကြီးနှင့် နိုင်ငံတော်အစိုးရအား တိုက်တွန်းပေးကြရန်စသော
အချက်(၅)ချက် ပါဝင်သည့် ထုတ်ပြန်ကြေငြာချက်တစ်ခုကိုပါ
ထုတ်ပြန်ကြေငြာခဲ့ကြောင်း သိရှိရသည်။
http://arakantimes.net
No comments:
Post a Comment