Monday, October 15, 2012

iOS နှင့် Android များအတွက် Office ကို လာမည့်နှစ်တွင် Microsoft ဖြန့်ချိမည်

iOS နှင့် Android platform တို့အတွက် Office စနစ်ကို လာမည့်နှစ်အစောပိုင်းတွင် Microsoft ကုမ္ပဏီမှ ဖြန့်ချိပေးမည်ဖြစ် ကြောင်း Czech Web report အဆိုအရသိရသည်။ Microsoft ကုမ္ပဏီ ၏ ထုတ်ကုန်ဌာနအုပ်ချုပ်ရေးမှူး Petr Bobek က
iOS နှင့် Android device များအတွက် native Office app များကို ၂၀၁၃ ခုနှစ်၊ မတ်လတွင် ရရှိအသုံးပြုနိုင်မည်ဖြစ်ကြောင်း IHNED သတင်းဌာနသို့ပြောကြားခဲ့သည်။
ချက်သမ္မတနိုင်ငံအခြေစိုက် Microsoft ရုံးခွဲမှလည်း Office ကို Android, iOS နှင့် Symbian platform များတွင် အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း အတည် ပြုပြောကြားခဲ့သည်။ Office Mobile ကို Windows ဖုန်းများအတွက်သာမက Android နှင့် iOS ဖုန်းများတွင်ပါ အသုံးပြုနိုင်ရန် ပြုလုပ်ပေးထားပြီး ယင်း platform များတွင် OneNote နှင့် Lync တို့ကို အသုံးပြုနိုင်မည်ဖြစ်ကြောင်း ကုမ္ပဏီ၏ Office Mobile ၀က်ဘ်ဆိုက်တွင်ဖော်ပြထားသည်။

လက်ရှိတွင် iOS device များ၌ document များဖန်တီးခြင်း၊ တည်းဖြတ်ခြင်းများအတွက် iWork app ကို အသုံးပြုလျက်ရှိသည်။

Ref: CNET

မူရင်းသတင်း--Internet Journal

No comments:

Post a Comment