Tuesday, October 2, 2012

မိုးပြာဂိုဏ်းမှ ဘုန်းကြီးတစ်ပါးအား တရားစွဲဆိုထားရာတွင် မမှန်မကန်ဆုံးဖြတ်မည်စိုး၍ သံဃာတော်များအပါအ၀င် အောင်ပန်းဒေသခံ ၃၀၀ ခန့်က အောက်တိုဘာလ ၅ ရက် ညနေ ၃နာရီတွင် အောင်ပန်းမြို့လယ်မှ ဈေးအထိ ချီတက်ဆန္ဒထုတ်ဖော်မည်ြ

မိုးပြာဂိုဏ်းမှ ဘုန်းကြီးတစ်ပါးအား တရားစွဲဆိုထားရာတွင် မမှန်မကန်ဆုံးဖြတ်မည်စိုး၍ သံဃာတော်များအပါအ၀င် အောင်ပန်းဒေသခံ ၃၀၀ ခန့်က အောက်တိုဘာလ ၅ ရက် ညနေ ၃နာရီတွင် အောင်ပန်းမြို့လယ်မှ ဈေးအထိ ချီတက်ဆန္ဒထုတ်ဖော်မည်ဖြစ်ကြောင်း အဆိုပါပွဲကို ဦးဆောင်သူတစ်ဦးဖြစ်သူ ဦးတိုးကပြောသည်။


``မိုးပြာဂိုဏ်းက ဘုန်းကြီးတစ်ပါးကို အောင်ပန်းဓမ္မစာပေပြန့်ပွားရေးအသင်းနဲ့ မြို့မိမြို့ဖတွေက သာသနာညှိုးနွမ်းမှုနဲ့ တရားစွဲထားတာကို
သာသနာရေးဝန်ကြီးဌာနကလည်း ၀င်ရောက်ဆောင်ရွက်ပေးခြင်း မရှိဘူး။ နောက် တရားသူကြီးတွေ မမှန်မကန်ဆုံးဖြတ်မှာစိုးတဲ့အတွက် ဆန္ဒထုတ်ဖော်ဖို့ ခွင့်ပြုချက်တောင်းတာ။ ဒီနေ့ပဲ ခွင့်ပြုချက်ရပါတယ်´´ဟု ဦးတိုးကပြောသည်။

အဆိုပါဘုန်းကြီးအား လွန်ခဲ့သောသုံးလက တရားစွဲဆိုထားခြင်းဖြစ်ပြီး အောက်တိုဘာလ ၆ ရက်တွင် အမိန့်ချမည်ဟုသတင်းရရှိသည်။
From-7Day News Journal

No comments:

Post a Comment