Tuesday, October 2, 2012

Hello Hot News နားတစ်ရာဖော်ကောင်လုပ်သည် ဖော်လိုသူများ ဆက်သွယ်ကြပါ

MPT သိစေချင်
“Hot News ကလားရှင့်။ ကျွန်မ ပြောစရာလေးရှိလို့ပါ”
“ဟုတ်ကဲ့။ ပြောပါခင်ဗျ”
“ကျွန်မ နာမည် မမိုးစက်ပါ။ စာရေး ဆရာမပါ။ ကျွန်မရဲ့ဖုန်း ပျောက်သွား တယ်။ အဲဒါနဲ့ ၀ယ်တဲ့ကုမ္ပဏီ အီလိုက်  ကိုသွားတယ်။ အကျိုးအကြောင်းပြော တယ်။ စက်တင်ဘာ (၂၀) ရက်နေ့ကပါ။  ငွေ ၂သောင်း ၃ ထောင်သွင်းရတယ်။ ဖြတ်ပိုင်းမပေးဘူး။ ဖုန်းလိုင်းပိတ်ပေးဖို့  MPT ကိုလည်း ပြောတယ်။ ဒါပေမဲ့ အခု   ဖုန်းဆက်တဲ့ (၂၇) ရက်နေ့အထိ ဟိုဘက်   ရသွားတဲ့လူက ဖုန်းပြောနေတုန်းပဲ”

“ဟိုဘက်က ကိုင်လား”
“ကိုင်တယ်။ ပြန်မပေးနိုင်ဘူးလို့ ပြောတယ်။ မင်္ဂလာတောင်ညွန့်ရဲစခန်း သွားတိုင်တော့လည်း ယူသွားတဲ့လူမသိ  တဲ့အတွက် တာဝန်မယူဘူးလို့ပြန်ပြော တယ်။ ခုချိန်မှာ ဟိုလူက ကျွန်မဖုန်းနဲ့ ရာဇ၀တ်မှုတစ်ခုခု ကျူးလွန်ရင်ကျွန်မ ဘယ်လိုလုပ်မလဲ။ MPT က ဒီဖုန်းလိုင်း ကို ပိတ်ချလိုက်ဖို့ကောင်းတယ်”
“ပျောက်သွားတဲ့ ဖုန်းနံပါတ်ပြောပြ ပါလား”
“ ၀၉-၄၂၁၀၆၅၉၄၂ ပါရှင်”
***
စိတ်ရှည်ပါ
“ကျွန်တော့်နာမည် ပြည့်ဖြိုးဝေပါ။ 5 Net Work က သူတို့ကို ဆက်သွယ်ရ မယ့် ဖုန်းနံပါတ်တွေ ပေးထားတာ။ ဒါပေမဲ့ အဲဒီဖုန်းတွေက တစ်လုံးမှ ခေါ်မ ရဘူး။ အဲဒါ ကျွန်တော်တို့ ပြည်သူကို ဘယ်လိုလုပ်တာလဲ သိချင်လို့ပါ”
“ခေါ်မရတဲ့ ဖုန်းနံပါတ်တွေ ပြောပါ ဦး”
“ ၀၁၄၀၀၈၇၁ ကနေ ၉ အထိခင်ဗျ”
“စိတ်ရှည်ရှည်ထားပြီး ခေါ်မကြည့်  ဘူးလား။ မြန်မာပြည်သူဆိုတာ စိတ်ရှည် သည်းခံတတ်ဖို့လိုတယ်။ ညီလေး နောက် တစ်ကြိမ်လောက် ထပ်ကြိုးစားကြည့်ပါ ဦး”
***
ဝမ်းနိုင်းနိုင်းတဲ့ဟေ့
“ကျွန်တော်တက္ကဆီ ယဉ်မောင်းတစ် ဦးပါ။ စက်တင်ဘာလ (၂၇) ရက်နေ့ ည (၇) နာရီကျော်ကျော်လောက်မှာ ရှုခင်း သာကွေ့က ကားမှတ်တိုင်မှာ လိုက်ထရပ် တစ်စီးက လူတစ်ယောက်ကို တိုက်မိပြီး  မောင်းပြေးသွားတယ်။ ကျွန်တော်က အဲဒီကားနောက်မှာ သံလျင်ကို ခရီးသည်  လိုက်ပို့တာ။ နောက်ကလိုက်ပြီး ကားနံပါတ် မှတ်ထားလိုက်တယ်“
“ဟုတ်ကဲ့။ ဆက်ပြောပါဦး။ ဘာတွေ ဆက်ဖြစ်လဲ”
“ကျွန်တော်ချက်ချင်းပဲ ၀မ်းနိုင်းနိုင်း ရော၊ အရေးပေါ်လူနာတင်ယာဉ် ငါးသုည လေးလုံးငါးရော ဖုန်းဆက်တယ်။ ဒါပေမဲ့”
“ဒါပေမဲ့ ဘာဖြစ်လို့တုန်း”
“အဲဒီုဖုန်းတွေက ဖုန်းမကိုင်ကြပါဘူး ဗျာ”
“ဟို အတိုက်ခံရတဲ့ လူအခြေအနေ က ဘယ်လိုထင်လဲ”
“သေတော့ မသေလောက်ဘူး ထင်တယ်”
“ခင်ဗျားမှတ်ထားတဲ့ ကားနံပါတ် ပြောခဲ့ဦးလေဗျာ”
“လိုက်ထရပ်။ ၆က/၂၈—-ပါ”
***
ကျိုက္ကဆံဘုရားကြီးသိစေလို
“ကျွန်တော်သင်္ဃန်းကျွန်းမြို့နယ်က ပါ။ ကျွန်တော်တို့ မြို့နယ်ရဲ့ ကျက်သရေ  ဆောင်ကျိုက္ကဆံဘုရားကြီးလုံးတော်ပြည့်  ရွှေချတော့မယ်ဗျ”
“ဟုတ်လား။ သာသနာအကျိုးပဲ။ ၀မ်းသာစရာပေါ့ဗျာ”
“ကျွန်တော်လည်း ၀မ်းသာပါတယ်။ ဒါပေမဲ့ဗျာ”
“ဘာဖြစ်လို့တုန်း”
“ရွှေတိဂုံဘုရားတို့၊ ဗိုလ်တထောင် ဘုရားတို့ လုံးတော်ပြည့်ရွှေချမယ်ဆိုပွင့် လင်းမြင်သာစွာနဲ့ သတင်းစာထဲမှာ လုပ်ငန်းရှင်တွေကို တင်ဒါအပြိုင်ခေါ်တယ်။ ကျွန်တော်တို့ဆီမှာကျတော့”
“ခင်ဗျား စိတ်လောနေတာ ဖြစ်ပါ လိမ့်မယ်။ ဒီခေတ်ကြီးထဲမှာ အားလုံးက  ပွင့်လင်းမြင်သာစွာ လုပ်နေကြပါပြီ။ လုပ် နေကျမဟုတ်လို့ အထနှေးနေတာလည်း  ဖြစ်ကောင်းဖြစ်မှာပေါ့ဗျာ။ စောင့်ကြည့် ပါဦး”
“အေးဗျာ၊ ခင်ဗျားပြောသလို စောင့် ကြည့်ပါမယ်။ ဟိုတလောကလည် ဘုရား  ၀င်းထဲကားရှိုးရွမ်းလုပ်ဖို့ စီစဉ်လိုက်သေး တယ်။ သာသနာရေးကခွင့်မပြုလို့တော် တော့တယ်ဒါပဲဗျာ”

နားတစ်ရာ
From-HotNewsJournal

No comments:

Post a Comment