Monday, October 15, 2012

 ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပထမအကြိမ် ပါတီညီလာခံကျင်းပ

smt6ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပထမအကြိမ် ပါတီညီ လာခံအား အောက်တိုဘာလ ၁၄ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။ပထမအကြိမ်ကျင်းပသည့် ပါတီညီလာခံသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အပါအ၀င်၊၀န်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ က ပြည်ေ ထာင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များအား လိုက်လံနှုတ်ဆက် ခဲ့ကြောင်းသိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ သူရဦးရွှေမန်းက '' အခုကျင်းပတဲ့ ပါတီညီလာခံ ကျင်းပရတာကတော့ ပါတီ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းအား အတည်ပြုရန်၊ ပါတီအားပြန်လည် ဖွဲ့စည်းရာမှာ အသွင်သဏ္ဍာန်၊ အနှစ်သာရပြည့်စုံသည့် ပြည်သူ့ပါတီ အဖြစ်ဖွဲ့စည်းပြီး ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုးဖြစ်ထွန်းစေမယ့် လုပ်ငန်းစဉ်များ ချမှတ်ဖို့ဖြစ်ပါတယ်။ ဒီမိုကရေစီသဘောအရ ပွင့်လင်းမြင် သာဖို့၊ တာဝန်ခံမှု၊ တာဝန်ယူမှုနဲ့ ရိုးသားမှု၊ အချင်းချင်းလေးစားတန် ဖိုးထားမှု၊ မျှမျှတတ ပြောဆိုဆက်ဆံဆောင်ရွက်မှု၊ အများ၏ဆုံးဖြတ်ချက်ကို အားလုံးကလိုက်နာဆောင်ရွက်မှု နဲ့အနည်း၏ဆန္ဒကိုလည်းအများက လေးစားလိုက်နာဖို့လိုပါတယ်။ပါတီဝင်များအနေနဲ့ ပြည်သူအကျိုး ကိုရှေးရှုဆောင်ရွက်ဖို့လိုပါတယ်'' ဟုအဖွင့်မိန့်ခွန်းတွင်ပြောကြားသည်။
အဆိုပါအစည်းအဝေးတွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ဦးသိန်းဇော်က ဖတ်ကြားတင်သွင်း ခဲ့ကြောင်းသိရသည်။
ပထမအကြိမ်ပါတီညီလာခံသို့ ပါတီကိုယ်စားလှယ် ၉၀၀ ဦးခန့် တက်ရောက်ခဲ့ပြီး အစည်းအဝေး တတိယနေ့တွင် ဥက္ကဋ္ဌရာထူးနေရာ အတွက်ရွေးချယ်သွားဖွယ်ရှိကြောင်း သိရသည်။

မူရင်းသတင်း - ElevenMediaGroup

No comments:

Post a Comment