Monday, October 1, 2012

Global Cyberlympic ပြိုင်ပွဲ၌ မြန်မာရှုံးနိမ့်ရခြင်းမှာ ၀က်ဘ်ဆိုက်လိပ်စာခေါ်ဆိုမရရှိခြင်းကြောင့် ဖြစ်သည်ဟုဆို


ရန်ကုန်၊ စက်တင်ဘာ၊ ၂၈
EC.Council နှင့် ITU တို့ပူးပေါင်းကျင်းပသည့် နိုင်ငံတကာ Global Cyberlymics ပြိုင်ပွဲ၌ မြန်မာရှုံးနိမ့်ရခြင်းအကြောင်းအရင်းမှာ အဖြေမှန်ပေးပို့ရမည့် ၀က်ဘ် ဆိုက်လိပ်စာခေါ်ဆိုမရရှိခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ၀င်ရောက်ယှဉ် ပြိုင်ခဲ့သူ ဦးအောင်ဇော်မြင့်ကပြောသည်။ ““ကျွန်တော်တို့ပြိုင်တဲ့အချိန်က ညအချိန်ကြီးဗျ။ သက်မှတ်ချိန်အတွင်းမှာလည်း ကျွန်တော်တို့အဖွဲ့က အားလုံးကို ဖြေဆိုနိုင်ခဲ့ကြတယ်။ နောက်ဆုံး အဖြေမှန်ကို ပေးပို့တဲ့နေရာမှာ ဆာဗာရဲ့ဝက်ဘ်ဆိုက်လိပ် စာက ဘယ်လိုမှခေါ်လို့မရဘူးဖြစ်နေတယ်။ ကျွန်တော်တို့ Proxy တွေနဲ့ကျော်ပြီးတော့လည်း မခေါ်ဆိုရဲဘူး။ ခေါ်လိုက်ရင် IP လိပ်စာက ပြောင်းသွားမှာလေ။ သူတို့ဘက်ကို ဆက်သွယ်တော့လည်း နိုင်ငံတကာကခေါ်လို့ရပြီး မြန်မာနိုင်ငံကဘာလို့ ခေါ်လို့မရတာလဲလို့ပဲ ပြန်ပြောတယ်။ နောက်ဆုံးကျွန်တော်တို့ အမျိုးမျိုးကြိုးစားပြီး ၀က်ဘ်ဆိုက်လိပ်စာခေါ်ဆိုနိုင်တဲ့ အချိန်ရောက်တော့ သက်မှတ်ချိန်ကပြည့်ခါနီးသွားပြီ””ဟု ၎င်းက သူ၏အတွေ့အကြုံကိြုေ
ပာပြသည်။ဖြေဆိုမှုအားလုံး၏ သုံးပုံတစ်ပုံကိုသာ ပြန်လည်ပေးပို့နိုင်ခဲ့ပြီး သတ်မှတ်အမှတ်ထက် ၂ မှတ်အလိုဖြင့်ရှုံးနိမ့်ခဲ့ခြင်းဖြစ်ကြောင်း၊ အဖြေမှန်အားလုံးပေးပို့နိုင်ခဲ့ပါက ပြိုင်ပွဲ၌ မြန်မာအနေဖြင့် အနိုင်ရလိမ့်မည်ဟု ယုံကြည်မိကြောင်း ဦးအောင်ဇော်မြင့်ကဆိုသည်။ ““ကျွန်တော် တို့လာမယ့် ၂၀၁၃ မှာထပ်ပြီး ၀င်ပြိုင်ဦးမှာပါ၊ ကျွန်တော်တို့တွေ မညံ့ပါဘူး။ လုပ်ဆောင်နိုင်ပါတယ်”” ဟု ၎င်းကထပ်မံပြောကြားသည်။ နိုင်ငံတကာအဆင့် Cyberlympics ပြိုင်ပွဲကို လေးကြိမ်ခန့်ကျင်း ပခဲ့ပြီးဖြစ်သော်လည်း မြန်မာနိုင်ငံအနေဖြင့် ၂၀၁၂ ခုနှစ်သြဂုတ်လအတွင်း ပထမဦးဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲသတ်မှတ်ချက်အရ နှောင့်ယှက် မှုအပိုင်း၊ လုပ်ကိုင်ဆောင်ရွက်ချက်များစစ်ဆေးသည့်အပိုင်းနှင့် နှောင့်ယှက်ဖျက်ဆီးသည်များကို ကာကွယ်သည့်အပိုင်းဟူ၍ သုံးပိုင်းခွဲ ကာယှဉ်ပြိုင်ရခြင်းဖြစ်သည်။ အာရှပစိဖိတ်ဒေသတွင်းနိုင်ငံများ၌ ဦးစွာယှဉ်ပြိုင်ခဲ့ရဖြစ်းဖြစ်ပြီး တစ်ကမ္ဘာလုံးဆိုင်ရာပြိုင်ပွဲကို ဒေသတွင်းအနိုင်ရနိုင်ငံများအနေဖြင့် ထပ်မံပြိုင်ဆိုင်ရမည်ဟုသိရသည်။ ၂၀၁၂ ခုနှစ်၏ အာရှပစိဖိတ်ဒေ သတွင်း Global Cyberlympic ပြိုင်ပွဲ၌ သိရိလင်္ကာနိုင်ငံမှ ပထမရရှိခဲ့ပြီး မလေးရှားနိုင်ငံမှ ဒုတိယရရှိခဲ့သည်။

From--အင်တာနက်ဂျာနယ်

No comments:

Post a Comment