Monday, October 1, 2012

KIA မှ မန်စီတွင် အတင်းအကြပ် လူသစ်စုဆောင်း၊ လူ(၄၀)ဦး ဖမ်းဆီးခေါ်သွား

KIA/KIO တို့သည် ဗမာစစ်တပ်နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ ၂၀၁၂ ခုနှစ် အစပိုင်းမှစတင်၍ အတင်းအဓမ္မ လူသစ်စုဆောင်းခြင်းများဖြင့် အင်အားဖြည့်တင်းလျက်ရာ စက်တင်ဘာလ(၂၈ နှင့် ၂၉)ရက်နေ့များမှာ  မန်စီမြို့နယ် အတွင်းမှလည်း လူသစ်(၄၀)ဦး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရပါတယ်။

တပ်မဟာ(၃) လက်အောက်ခံ အူလန်ပါခရိုင်မှူး ဇော်ရှန်းနဲ့အဖွဲ့ဝင်(၁၀)ဦးဟာ စက်တင်ဘာလ (၂၈) ရက်နေ့မှာ မန်စီမြို့နယ် ကွတ်လုံကျေးရွာ၊ ကုန်ခမ်းကျေးရွာ၊ ပန်ခမ်းကျေးရွာနဲ့ နားလုံကျေးရွာ ၀န်းကျင်တို့တွင် လယ်လုပ် နေသော ရှမ်းလူမျိုးနဲ့ ကချင်လူမျိုး(၁၅)ဦးအား ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သိရပါတယ်။
ဒါ့အပြင် တပ်မဟာ(၃)လက်အောက်ခံ ရင်း(၂၇)မှ ဒုတပ်ရင်းမှူး မရန်ထွဲဝါနဲ့ KIO မှ ပန်ခမ်းပါမြို့နယ်မှူး လအောင်တို့နှစ်ဦးပေါင်း၍  အယောက်(၃၀)လောက်ဟာ မန်စီမြို့နယ် လယ်တောကျေးရွာသို့ စက်တင်ဘာလ (၂၇)ရက်နေ့ကတည်းက ရောက်ရှိလာပြီး ပတ်ဝန်းကျင်ကျေးရွာများမှ လူ(၂၅)ဦးအား ခေါ်ဆောင်ကာ စက်တင်ဘာလ(၂၉)ရက်နေ့ မနက်ပိုင်းတွင် ပြန်လည်ထွက်ခွာသွားကြောင်း သိရပါတယ်။
ထိုနှစ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်ခဲ့သော လူသစ်(၄၀)ယောက်တို့ဟာ SSA(တောင်ပိုင်း) တပ်ရင်း(၁၀၁)နှင့် ပူးပေါင်းပြီး မန်စီမြို့နယ် မံအိုက်ကျေးရွာ အနီး နမ့်ဝမ်းချောင်းဘေးရှိ ၀ါရုံတောတွင် နှစ်ပတ်ခန့် လူသစ်သင်တန်းပေးသွားပြီး ရှေ့တန်းစခန်းများသို့ ပို့ဆောင်မည်ဖြစ်ကြောင်း သိရပါတယ်။
စက်တင်ဘာလထဲတွင် KIA နှင့် ဗမာစစ်တပ်တို့၏ တိုက်ပွဲများ၌ KIA ဘက်က စစ်ပညာမတက်သေးသော တပ်သားသစ်များ ကျဆုံးမှု များနေသောကြောင့် ဒေသခံများဟာ ဖမ်းဆီးခံရသူများအား စိုးရိမ်ပူပန်လျက်ရှိ ကြောင်း သိရှိရပါတယ်။
from-ကချင်နေ့စဉ်သတင်း

1 comment:

  1. တပ်မတော်ကိုကျတော့ လူသစ်တွေ အဓမ္မစုဆောင်း တာတွေကြ တော့ ဂျာနယ်တွေ ဟိုးလေးတစ်ကျော်ကျော် နဲ့ မင်း တို့ရဲ့ KIA/KIO ကိုတော့ ဘာမှမရေး ကြပါလား နော်

    ReplyDelete