Monday, October 1, 2012

KNU ခေါင်းဆောင်စောဘဦးကြီးအကြောင်း စာအုပ်မြန်မာနိုင်ငံတွင်ထုတ်ဝေမည်


KNU ခေါင်းဆောင်စောဘဦး ကြီး၏အထုပ္ပတ်္တိနှင့် မြန်မာနိုင်ငံ၏  အတိတ်ကလမှအရေးပါသည့်သမိုင်း  အဖြစ်အပျက်အချက်အလက်များ ပါဝင်သည့် “စောဘဦးကြီးနှင့် လူမျိုးစုများ၏နိုင်ငံရေးပြဿနာ” စာအုပ်ကိုပြည်တွင်းတွင်ပုံနှိပ်ထုတ် ဝေနိုင်အောင်စီစဉ်လျက်ရှိကြောင်း  စာမူရှင်မောင်စင်ကြယ် (UKL ပါတီ  အထွေထွေအတွင်းရေးမှူးဟောင်း ဦးမန်းညွန့်မောင်)ထံမှ သိရသည်။

“ဗိုလ်ချုပ်အောင်ဆန်း၊ စောဘ  ဦးကြီးနဲ့ ချေဂွေဗားရားတို့ဟာ ဒုတိယကမ္ဘာစစ်ကာလမှာ ပေါ်ထွန်း  လာတဲ့သူရဲကောင်းတွေဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ စောဘဦး ကြီးတို့မှာ အိပ်မက်ကိုယ်စီရှိကြ တယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အိပ်မက်က မြန်မာတစ်နိုင်ငံလုံး တစ်ပေါင်းတစည်းထဲလွတ်လပ်ရေး ဖြစ်ပြီး စောဘဦးကြီးရဲ့ အိပ်မက် က ကရင်ခေါင်းဆောင်တစ်ဦးအနေ  နဲ့ ကရင်တွေဘ၀လုံခြုံရေးအလို့ ငှာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသီးခြား  ကရင်ပြည်နယ်ထူတင်သွင်းခဲ့တဲ့ ပြည်ထောင်စုဖွဲ့စည်းရေးနဲ့ လူမျိုး စုများရဲ့ အခြေခံရပိုင်ခွင့်တွေဟာ ဥပဒေဖြစ်မလာဘဲ ပြည်တွင်းစစ် သည်သာအဆင့်ဆင့်ဖြစ်ပေါ်လာ ခဲ့ရတယ်။ ၀န်ကြီးချုပ်ဦးနုနဲ့ စောဘဦးကြီးတို့ဧရာဝတီတိုင်း၊ ရန်ကုန်မစ်ရှင်လမ်းနဲ့ အင်းစိန်တို့ မှာ အတူတကွချစ်ကြည်ရေးနဲ့  နားလည်မှုရရှိရေးကိုတည်ဆောက် ခဲ့ပေမဲ့လက်တွေ့မှာပြည်တွင်းစစ် သာဖြစ်ခဲ့ရပါတယ်”ဟု ဆရာမောင် စင်ကြယ်ကပြောသည်။
အဆိုပါစာအုပ်တွင် အပိုင်း (၅) ပိုင်းနှင့် အခန်းပေါင်း (၁၀၁) ပိုင်းပါဝင်ကြောင်း သိရသည်။
မောင်စင်ကြယ်က “ဒီစာအုပ် မှာ တပ်မတော်ခေါင်းဆောင်များ အပြောင်းအလဲနဲ့ သူ့ဘက်ကိုယ့် ဘက်နှစ်ဘက်တင်ပြထားတဲ့ အင်းစိန်တိုက်ပွဲအကြောင်း (၄၇)  အခြေခံဥပဒေမှာ အခန်း (၁၀) “ခွဲထွက်နိုင်သောအခွင့်အရေး” ဘာကြောင့်ပါဝင်ရလဲဆိုတာရေး ဆွဲသူဦးမြင့်သိန်းကိုယ်တိုင်ရဲ့ ရေးသားချက်ပြည်ထောင်စုနေ့နှစ် (၅၀) မြောက်မှာ ဒေါ်အောင်ဆန်း  စုကြည်တင်ပြတဲ့စာတမ်းစတာတွေ   ဖတ်ရှုရမှာပါ”ဟုပြောသည်။

ငြိမ်းချမ်းကို
From-HotNewsJournal

No comments:

Post a Comment