Wednesday, October 31, 2012

စီမံကိန်းတစ်ခုနှင့်ပတ်သက်၍ NDF ပါတီသို့ရွေးကောက်ပွဲကော်မရှင် သတိပေးစာပို့


လှိုင်သာယာမြို့နယ်အတွင်းတည်ဆောက်မည့် ဆင်းရဲသားမြို့တော်စီမံကိန်းနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေ စီအင်အားစု(NDF)ပါတီသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတိပေးစာ ပေးပို့ခဲ့ကြောင်း သိရသည်။
“မင်းကြီးမပာာမင်းခေါင်လမ်းဘေးမှာရှိတဲ့ ကျုးကျော်တံတားတွေကို နေရာချထားပေးဖို့ဆိုပြီး ဆင်းရဲသားမြို့တော်စီမံကိန်းနဲ့ ထူထောင်ရေး အစည်းအဝေးကိုကျင်းပခဲ့ပါတာယ်။ ပြီးတော့ ဒီပါတီက ဆင်းရဲသားရွှေမြို့တော်စီမံကိန်းနဲ့ပတ်သက်ပြီး ဖြန့်ဝေတဲ့ လက်ကမ်းစာစောင်တွေမှာလည်း အုပ်ချုပ်ရေးဆိုင်ရာ အချို့ကိစ္စရပ်တွေ ငြိစွန်းတဲ့အတွက် ခုလိုသတိပေးအကြောင်းကြားစာ ပေးပို့တာပါ”ပာု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် နေရာအနှံ့အပြားတွင် ကျုးကျော်လူတန်းစားများမှာ နေထိုင်ရန်ခက်ခဲလျက်ရှိပြီး ၎င်းလူတန်းစားများ နေထိုင်ရန် သင့်တော် မည့်နေရာနှင့် သင့်တင့်သည့်ဈေးနှုန်းဖြင့် ရရှိနိုင်မည့် ကျုးကျော်(၅၀၀၀)ကျော်အတွက် စီမံကိန်းတစ်ခုရေးဆွဲ၍ လှိုင်သာယာမြို့နယ်အတွင်း ဆင်းရဲ သားမြို့တော်ကို တည်ထောင်သွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ တာဝန်ရှိသူတစ်ဦးက မကြာသေးမီကာလအတွင်းက ပြောကြားသည်။
“အဓိကတော့ နေထိုင်စရာနေရာတွေ၊ အိမ်တွေမရှိသေးတဲ့ သူတွေအတွက် ဆင်းရဲသားမြို့တော် တည်ထောင်မယ်ဆိုပြီး စိတ်ကူးရခဲ့တာပါ။ လက်ရှိက ကျူးကျော်တွေကိုဖျက်သိမ်းခိုင်းတဲ့အမှုက အရမ်းကိုများနေတယ်။ ပြည်သူတွေအဆင်ပြေစေနိုင်ဖို့အတွက် ဒီစီမံကိန်းကို အကောင်အထည် ဖော်တာပါ။ ဒီလိုကောင်းတာလုပ်တာကို ကော်မရှင်က သတိပေးစာပို့တယ်ဆိုတော့ စဉ်းစားစရာပေါ့လေ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ဒီစီမံကိန်းကိုတော့ ဆက်ပြီးအကောင်အထည်ဖော်မှာပါ”ပာု NDF ပါတီမှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ပါတီသည် ဆင်းရဲသားရွှေမြို့တော်စီမံကိန်းလုပ်ဆောင်ရာတွင် သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်း များကို အကြောင်းကြားရမည်ဖြစ်သော်လည်း ယင်းပါတီအနေဖြင့် အကြောင်းကြားခြင်းမရှိသည့်အတွက် တည်ဆဲဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်နိုင်ရန်နှင့် ထိန်းသိမ်းကြပ်မတ်ပေးနိုင်ရန် ယခုကဲ့သို့ အကြောင်းကြားစာပေးပို့ရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
YC
From -TransparentMyanmarblog

No comments:

Post a Comment