၎-၁၁-၂၀၁၂ ရက်နေ့တွင်
တာချီလိတ်မြို့၌ တရားခံ စိုင်းဝန်း
တစ်အား စိတ်ကြွရူးသွပ်ဆေးပြား
၅၈၄၀ဝ၀ ပြား၊ စိတ်ကြွရူးသွပ်ဆေး
ပြားရိုက်စက်၊ ဆက်စပ်ပစ္စည်း
များနှင့်အတူဖမ်းဆီးရမိမှု၎-၁၁-၂၀၁၂ ရက်နေ့ ၁၄၃၀ အချိန် တာချီလိတ်
ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး အုန်းကျော် ဦးစီး အဖွဲ့၊ ခမရ (၃၅၉)မှ ဗိုလ်မှူး ညီညီနိုင်
ဦးစီးအဖွဲ့၊ တာချီလိတ်(မူးယစ်)မှ ရဲအုပ် ဝင်းနိုင်
ဦးစီးအဖွဲ့တို့ ပါဝင်သောပူးပေါင်း
အဖွဲ့သည် တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ခေတ္တာလမ်း၊ အိမ်အမှတ် (၄/၉၃) နေ စိုင်းဝန်း
တစ်၏နေအိမ်အား ရှာဖွေရာ WY စာတမ်းပါ နီညိုရောင် စိတ်ကြွရူးသွပ်ဆေးပြား
၅၈၄၀ဝ၀ ပြား ၊ အလေးချိန် ၅၈.၄ ကီလို (တစ်ပြားလျှင် ၂၈၀ဝ ကျပ်နှုန်းဖြင့်
ゞင်းဒေသတန်ဖိုးငွေကျပ် ၁၆၃၅၂ သိန်း) နှင့်အတူ အောက်ပါ စိတ်ကြွရူးသွပ်ဆေးပြား
ရိုက်စက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပါသည် -(က) Hino တံဆိပ်ပါ မော်တာတပ်လျက် စိတ်ကြွရူးသွပ်ဆေးပြားရိုက်စက် ၁ လုံး၊
( ခ) Champ တံဆိပ်ပါ စိတ်ကြွရူးသွပ်ဆေးပြား အခြောက်ခံ လေမှုတ်ပန်
ကာတပ် ဗန်းစင် တစ်ခု၊
(ဃ) WY စာတမ်းပါ မှို (၃) ချောင်းတပ် ရိုက်ခေါင်း (၁)ခု၊ WY စာတမ်းပါ
ရိုက်ခေါင်းမှို ဆိုဒ်စုံ (၁၁) ခု၊
( င) မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် အဖြူရောင်ကော်မှုန့်
၂၅ ကီလိုပါတစ်အိတ်၊
( စ) မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် Food Colour တံဆိပ်ပါ
ဆိုးဆေး အမှုန့်တစ်ဗူးလျှင် ၄၅၀ ဂရမ်စီပါ အပြာရောင်ကော်ဗူး ၁၅ ဗူး၊ ၁၀ဝ
ဂရမ်စီပါ ၇ ဗူး၊ စုစုပေါင်းအလေးချိန် ၇.၄၅ ကီလို၊
(ဆ) ထိုင်းနိုင်ငံသုံး ဘတ်ငွေ ၆၂၀ သိန်း၊
( ဇ) အမေရိကန်နိုင်ငံသုံး ဒေါ်လာငွေ ၇၇၀ဝ ဒေါ်လာ၊
( ဈ) နဂါးတံဆိပ်ပါရွှေချောင်း ၃၇ ချောင်း စုစုပေါင်း အလေးချိန် ၄ ပိဿာ
၁၄ ကျပ်သား၊
(ည) ရွှေထည်ပစ္စည်းမျိုးစုံ ၁၂ မျိုး၊ စုစုပေါင်းအလေးချိန် ၃၆ ကျပ်သား ၇ ပဲ
( ဋ) မော်တော်ယာဉ် ၉ စီး၊
( ဌ) သုံးဘီးဆိုင်ကယ် တစ်စီး၊
( ဍ) မော်တော်ဆိုင်ကယ် ၇ စီး၊
( ဎ) ဘရာဇီးနိုင်ငံလုပ် မိန်းမကိုင် ပစ္စတို .၂၅ ပစ္စတိုတစ်လက်၊
ゞင်းကျည် ၅၀ တောင့်၊
စိုင်းဝန်းတစ်၊ ၃၈ နှစ်၊ (ဘ) ဦးနန်းကွမ်းစိန်၊ ရှမ်း/ဗုဒ္ဓ၊ အမှတ်(၄/၉၃)၊ ခေတ္တာလမ်း၊
ဆန်ဆိုင်း(က)ရပ်ကွက်၊ တာချီလိတ်မြို့နေသူအား တာချီလိတ်ရဲစခန်း မယ
(ပ)၆၆/၂၀၁၂၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/ ၂၀(က)/၂၂(ခ) အရ အမှုဖွင့်အရေး
ယူထားရှိပါသည်။
၎-၁၁-၂၀၁၂ ရက်နေ့တွင် တာချီလိတ်မြို့၌ တရားခံ စိုင်းဝန်းတစ်အား စိတ်ကြွရူးသွပ်ဆေးပြား၅၈၄၀ဝ၀ ပြား၊ စိတ်ကြွရူးသွပ်ဆေးပြားရိုက်စက်၊ ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိမှု
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အင်တာနက်စာမျက်နှာ
No comments:
Post a Comment