Wednesday, November 7, 2012

ဆိုးသွမ်း လူတစ်စုကြောင့် တစ်ကျော့ပြန် ရခိုင်ပဋိပက္ခဖြစ်ရသည်ဟု ပြည်နယ်အစိုးရအဖွဲ့ သုံးသပ်

http://www.myitmakhamediagroup.com/administratorpanel/image/7-11-12-8%20(1).JPG
ဆိုးသွမ်းသော လူတစ်စုကြောင့်သာ တစ်ကျော့ပြန် ရခိုင်ပဋိပက္ခဖြစ်လာ ရသည်ဟု ပြည်နယ်အစိုးရအဖွဲ့က  သုံးသပ် ပြောကြားလိုက်သည် ။အောက် တို ဘာ၂၁ ရက်နေ့မှစ၍ တစ်ကျော့ပြန် ဖြစ်လာခဲ့သော ရခိုင်ပဋိပက္ခမှာ လူမျိုးရေး ဘာသာရေးကြောင့် မဟုတ်ဘဲ ဆိုးသွပ် သည့်လူတစုကြောင့်သာ ဖြစ်လာခြင်းဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့
မှ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက   ပြောကြားလိုက်ခြင်းဖြစ်သည်။
 
သမ္မတကြီးကလည်း ပြောထားတယ်၊နောက်ကွယ်က ကြိုးကိုင်တဲ့လူတွေရှိတယ်၊ မြှောက်ပေးတဲ့ လူတွေ ရှိတယ်၊ ဆိုးသွမ်းတဲ့လူတစ်စုပေါ့၊ အဲဒီကြောင့်ဖြစ်တယ်လို့ သုံးသပ်တယ် ဟု ရခိုင်ပြည်နယ် သတင်းပြန်ကြား ရေးနှင့် မှတ်တမ်းစုဆောင်းရေးဆပ်ကော်မတီ အတွင်းရေးမှူးဦးဝင်းမြိုင်က ပြောသည်။
 
ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်များနှင့် ပတ်သက်၍ လူမျိုးရေးနှင့် ဘာသာရေးကြောင့်ဟုဆိုရန် ယခင်ကတည်းက အတူယှဉ် တွဲနေထိုင်ခဲ့သည့်လူမျိုးများဖြစ်ကြောင်း၊ ယခင်ကလည်း လူမျိုးရေး ပဋိပက္ခဖြစ်ခဲ့ဘူးသော်လည်း ယခုအကြိမ်မှာ အဆိုးရွားဆုံးဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။
 
သူများတွေကလည်း ပြောနေတယ်၊ facebookတွေ အင်တာနက်တွေမှာလည်း  မြင်နေရတယ်၊ လူမျိုးရေးလည်း မဟုတ်ဘူး၊ ဘာသာရေးလည်း မဟုတ်ဘူး၊ လူမျိုးရေးလို့ ပြောရအောင် အစ္စလာမ်နဲ့ဗုဒ္ဓဘာသာတွေက တစ်နိုင်ငံလုံးမှာ အနှံ့နေတာဘဲ ၊ဖြစ်တာက င်္ဒီမှာတင်ဘဲဖြစ်တာ၊ ဘာဆိုလိုတော့ ဒီမှာလည်း ဘူးသီးတောင် မောင်တောဘက်မှာလည်း အရင်က ဒီလူတွေ နဲ့ နှစ်ပေါင်းများစွာ နေလာပြီးပြီ အရင်ကလည်း မကြာခဏ ဖြစ်တယ်၊ဖြစ်ပေမယ့် ဒီလောက်အထိ ဆိုးဆိုးဝါးဝါး မဖြစ်ဖူးဘူးဟု အတွင်းရေးမှူးဦးဝင်းမြိုင်က ဆက်လက် မှတ်ချက်ပြုပြောကြားခဲ့ သည်။
 
ထို့အပြင် တစ်ကျောပြန်ပဋိပက္ခဖြစ်စဉ်များ၌ လက်နက် အသုံးပြုမှုများရှိခဲ့ကြရာ   ညွှန်ကြားချက် မထုတ်ပြန်မီ ဒေသ လုပ်သေနတ်(၁၈၀) လက်၊ ဓါး(၃)ချောင်း၊ လျှံ(၇)ချောင်း၊ လေး(၁)လက်၊ ဂျင်ကလိ(၂၁)ခု၊ လေးခွ(၃) အပ်နှံသိမ်းဆည်းရရှိပြီး ညွှန်ကြားချက်ထုတ်ပြန်ပြီးနောက် ဒေသန္တရလုပ်သေနတ်( ၁၇၆)လက်၊ လှံ (၄၄၇) ချောင်း၊ လေး(၉၃)လက် ၊မြှား(၅၄၅)ချောင်း၊ ဂျင်ကလိ(၁၁၃၀) ခု၊ လေးခွ (၂၈၉)လက်  သိမ်းဆည်း ရမိခဲ့သည် ဟု  ရခိုင်ပြည်နယ် ရဲတပ်ဖွဲမှူးရုံးထံက သိရသည်။
လက်နက်တွေတွေ့တယ်ဆိုတာလည်း တကယ့် လက်နက်ကြီး မဟုတ်ဘူးပေါ့၊ တူမီးသေနတ်ဆိုတာကတော့ နှစ်ဘက်လုံးစလုံးက ကိုင်ချင်လည်း ကိုင်မယ်၊ ဘာလို့ဆိုတော့ ဖြစ်စဉ်တစ်ခုမှာ လူတွေမရှိတဲ့အခါ ချထားခဲ့ လက်နက်တွေကို သိမ်းမိတာဆိုတော့ ဒီတူမီးဆိုတာကလည်း တစ်ချို့နယ်စပ်ဒေသတွေမှာ၊ တောရွာတွေမှာ ဆိုရင် တောပစ်ဖို့လုပ်ထားတဲ့ လက်နက်တွေ လည်း ဖြစ်နိုင်တယ်၊ အခုတော့ဒါတွေကို မလုပ်လို့လုပ်တဲ့သူ ရှိရင်လည်း ပြန်အပ်ဖို့ဆိုပြီး တရားဝင်လဲစာထုတ်ထားပြီးပြီ၊ လုပ်တဲ့လူတွေရင်လည်း ဥပဒေအရ အရေးယူမယ် လို့ ကျနော်တို့က ပြောထားပြီးပြီဟု ဦးဝင်းမြိုင်ကပြောသည်။
 
ရခိုင်ပြည်နယ်၌ လက်နက်၊ဒုတ်၊ဓါးများအပ်နှံရန် သတင်းထုတ်ပြန်မှုများရှိခဲ့ပြီးနောက် နိုဝင်ဘာ (၁)ရက်နေ့ က ကျောက်တော်မြို့နယ် လက်ဆောင်ကောက် (အစ္စလာမ်) ကျေးရွာ၌ ပိုင်ရှင်မဲ့  နောက်ခံပြား အလျား(၁)လက်မ၊ အနံ(၆)လက်မခန့်၊ ပြောင်းအချင်း(၆)လက်မ၊ ပြောင်းအထူ(၅)စင်တီမီတာ၊ ပြောင်းအရှည်(၆)ပေ (၆)လက်မ ခန့်၊ ရှေ့ဒေါက်(၁)ပေ(၆) လက်မခန့် (၂)ချောင်း၊ နောက်ဒေါက်(၆)လက်မခန့်(၂)ချောင်း တပ်ဆင်ထားပြီး လက် ကိုင်ကွင်း(၂) ကွင်းပါ ဒေသလုပ် ယမ်းထောင်းစိန်ပြောင်းဟု ယူဆရသည့် လက်နက်တစ်ခုကို သိမ်းဆည်းရမိခဲ့ သည်ဟု စုံစမ်းသိရှိရသည်။
 
ထိုအပြင်အကြမ်းဖက်မှုပဋိပက္ခ ဖြစ်စဉ်များမှ ဒေသန္တရလုပ် တူမီးသေနတ် (၁၈၀)လက် သိမ်းဆည်း ရမိခဲ့ပြီး လက်နက်ပြု လုပ်သူ အချို့နှင့် ပြုလုပ်ရာတွင် အသုံးပြုသည့် သက်သေခံပစ္စည်း အထောက်အထားများကိုလည်းဖမ်းဆီးရမိ သဖြင့် အရေးယူဆောင် ရွက်လျှက်ရှိကြောင်းကိုလည်း သိရသည် ဟု အောက်တိုဘာ(၃၁) ရက်နေ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
 
တစ်ကျောပြန်ဖြစ်လာခဲ့သော ပဋိပက္ခဖြစ်စဉ်ကြောင့်  အောက်တိုဘာလ (၂၁)ရက်နေ့မှ (၃၀)ရက်နေ့အထိ စာရင်းများ အရ သေဆုံးသူ(၈၉)ဦး၊ ဒဏ်ရာရသူ(၁၃၆)ဦး၊ မီးလောင်ပျက်ဆီးသည့် လူနေအိမ် (၅၃၅၁)အိမ်နှင့်အိုးမဲ့အိမ်မဲ့ဖြစ်သူ (၃၂၂၃၁)ဦးခန့်ရှိကြောင်း သိရှိရသည်။
 
ဇွန်လ အတွင်းကဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့်လည်း မောင်တော၊စစ်တွေ၊ ကျောက်တော်၊ မြောက်ဦးစသည့် မြို့နယ်များ၌ အိမ်ခြေပေါင်း(၅၃၃၈)အိမ်၊ အဆောက်အဦး(၁၃၄)လုံး၊ မီးလောင်ပျက်စီးခဲ့သည့်အတွက် အိမ်ထောင်စုပေါင်း(၁၂၂၄၂)စု၊ လူဦးရေ (၇၅၀၀၀)ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

မြစ်မခ - သတင်းဌာန

No comments:

Post a Comment