Wednesday, November 28, 2012

တည်းခိုခန်းတွင် တည်းခိုနေသူ ရောဂါကြောင့် သေဆုံး



၂၇-၁၁-၂၀၁၂ ရက်နေ့ ၁၁၃၀ အချိန် ပျဉ်းမနားမြို့၊ ရွှေချီရပ်ကွက်ရှိ အောင်ချမ်းသာတည်းခိုခန်း၌ တည်းခိုနေသော ဦးလှကျော်(၅၀)နှစ်မှာ အိပ်ခန်းတံခါးပိတ်ထားပြီး နှိုးမရကြောင်း တည်းခိုခန်းမန်နေဂျာ ဦးဝင်းမြိုင်မှ အကြောင်းကြားသဖြင့် ပျဉ်းမနားရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသွားရောက်ပြီး သက်သေများနှင့်အတူ အခန်းတံခါးဖျက်ကာ ၀င်ရောက်စစ်ဆေးခဲ့သည်။ ဦးလှကျော်မှာ ခုတင်ပေါ်တွင် ၀ဲဘက်သို့စောင်း၍ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမရှိဘဲ သေဆုံးနေကြောင်းတွေ့ရှိရပြီး ၂၆-၁၁-၂၀၁၂ ရက်နေ့ ၂၀၃၀ အချိန်က သွေးတိုးရောဂါဖြင့် ဆေးကုသရန် တည်းခိုခန်းမှထွက်ခဲ့ကြောင်း၊ ၂၁၃၀ အချိန် ပြန်လည်ရောက်ရှိခဲ့ကြောင်းစစ်ဆေးသိရှိရသဖြင့် ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် ၁၂၁၀ အချိန် ပျဉ်းမနားရဲစခန်း သေမှုသေခင်း အမှတ်စဉ်(၄၅/၂၀၁၂)ဖြင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment