မုံရွာမြို့၊ဇောတိကရာမကျောင်းတိုက်မှ သံဃာတော်အပါး ၂၀၀ ကျော်သည် လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းရပ်ဆိုင်းရေးဆန္ဒဖော် ထုတ်ရန် အတွက်နိုဝင်ဘာလ ၂၆ ရက်မွန်းလွဲ ၂ နာရီခွဲအချိန်မှ စတင်ကာ မုံရွာမြို့ကျောက္ကာလမ်းမကြီးအတိုင်းချင်းတွင်းမြစ်ဆိပ်ကမ်း နန်ချွန်ဇက်ကူး တို့ဆိပ်သို့ခြေလျင်ကြွရောက်ခဲ့ကြောင်းသိရှိရသည်။
“နန်ချွန်ဇက်ကူးတို့ဆိပ်အရောက်မှာ မုံရွာဘက်ကမ်းက စက်လှေတွေအနောက်ဘက်ကိုအမြန်ဆုံးမောင်း
သွားတယ်။သက်ဆိုင်ရာက အနောက်ဘက်ကမ်းကိုမသွားဖို့လာတားတယ်။ကားနဲ့သွားဖို့စီစဉ်တော့လည်း
တားတယ်။တားတဲ့သူကိုယ်တိုင် လာတောင်းပန်မှပြန်ကြွမယ်။
သွားတယ်။သက်ဆိုင်ရာက အနောက်ဘက်ကမ်းကိုမသွားဖို့လာတားတယ်။ကားနဲ့သွားဖို့စီစဉ်တော့လည်း
တားတယ်။တားတဲ့သူကိုယ်တိုင် လာတောင်းပန်မှပြန်ကြွမယ်။
မတောင်းပန်မချင်း နန်ချွန်ဆိပ်မှာထိုင်ပြိးသပိတ်မှောက်သွားမယ်”ဟုနန်ချွန်ဇက်ဆိပ်တွင် လက်ပန်းတောင်းတောင်အရေးတောင်းဆိုနေသော ဆရာတော်တစ်ပါးကမိန့်ကြားသည်။
လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းလုံးဝရပ်ဆိုင်းရေးအတွက်ဆန္ဒထုတ်ဖော်ရန်ကြွှရောက်သောဆရာတော်များအားသက်ဆိုင်ရာက တားမြစ်ခဲ့ပြီးနောက် မုံရွာမြို့နန်ချွန်ဇက်ကူးတို့ဆိပ်တွင်သပိတ်စခန်းဖွင့်၍ တောင်းဆိုဆန္ဒ ထုတ်ဖော်နေကြောင်းသတင်းရရှိသည်။
ဓာတ်ပုံ-မျိုးမင်းဦး
No comments:
Post a Comment