Friday, November 23, 2012

ယနေ့ညနေ ၃ နာရီချိန်ထိ တိုင်းရင်းသားကျောင်းသားများ ဒုထောက်ကာမူလကျောင်းတွင်ပြန်လည်တက်ခွင့်ရရှိရန် ဆန္ဒထုတ်ဖော်လျက်ရှိ

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် အတွင်းရှိ ပြည်ထောင်စုတိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေး ဒီဂရီကောလိပ်မှ စစ်ကိုင်းတိုင်းဒေသကြီး ရွာသစ်ကြီးရှိ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး တက္ကသိုလ်သို့ နယ်စ
ပ်ရေးရာ ၀န်ကြီးဌာန၏ နှုတ်မိန့်ဖြင့်ပြောင်းရွေ့ခဲ့ရသော တိုင်းရင်းသား ကျောင်းသားများသည် နိုဝင်ဘာလ ၂၃ ရက်နေ့ မွန်းတည့်
၁၂ နာရီမှစပြီး ပြည်ကြီးတံခွန်မြို့နယ် အတွင်းရှိ ပြည်ထောင်စုတိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေး ဒီဂရီကောလိပ်အ၀င်လမ်းတစ်လျောက်တွင် တိုင်းရင်းသားဝတ်စုံများဝတ်ဆင်ကာ ဒူးထောက်၍ မိမိတို့၏ မူလကျောင်းတွင်ပြန်လည်တက်ခွင့်ရရှိရန် ဆန္ဒထုတ်ဖော်လျက်ရှိကြောင်း သိရှိရသည်။ထိုသို့ ကျောင်းသားများဆန္ဒထုတ်ဖော်ရာနေရာသို့ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ဇော်ဝင်းလာရောက်၍ ကျောင်းသားများ၏ ဆန္ဒကို အထက်သို့တင်ပြပေးမည်ဟု ပြောသော်လည်း ကျောင်းသားများမှာ တိကျသည့် အဖြေမရမချင်းယခုနေရာမှ မထဟုဆိုကာ ဆက်လက်ဆန္ဒဖော်ထုတ်နေကြကြောင်း သိရသည်။ ယင်းကျောင်းသားများက လက်ရှိအချိန်မှ ညနေ ၃ နာရီအတွင်း တိကျသောအဖြေတစ်ခုမရရှိပါက လမ်းမပေါ်ထွက်၍ ဆန္ဒထုတ်ဖော်မှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ —

From :Eleven Media Group



Photo: မန်းပြည်ထောင်စုတိုင်းရင်းသား
တက္ကသိုလ်မှကျောင်းသားလေးများ ကျောင်းမပြောင်းရွေ့ရရေးအတွက်ဆန္ဒထုတ်ဖော်
မန္တလေး-နိဝင်ဘာ၂၃
မန်းရှိပြည်ထောင်စုတိုင်းရင်းသားတက္ကသိုလ်မှကျောင်းသားလေးများ
သည်ကျောင်းမပြောင်းရွေ့ရရေးအတွက်ယနေ့နေ့လည်၁၂နာရီမှစပြီးတောင်းဆိုနေကြ
ကြောင်းသိရသည်။အဆိုပါနေရာသို့နယ်စပ်ဒေသဒုတိယ၀န်ကြီးလာရောက်ခဲ့ပြီးကျောင်းသားလေးများ၏ဆန္ဒအားအထက်သို့ဆက်လက်
တင်ပြပေးမည်ဟုပြောကြောင်း၊
ကျောင်းသားလေးများသည် ငြိနှိုင်းမှူမရပါက ညနေ၃နာရီတွင်ကျောင်းရှေ့ထွက်ဆန္ဒထုတ်ဖော်မည်ဟုဆိုသည်၊
စိုင်းလမင်း

From- Popular
Photo: တိုင်းရင်းသားကျောင်းသားများ ဆန္ဒပြ

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် အတွင်းရှိ ပြည်ထောင်စုတိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေး ဒီဂရီကောလိပ်မှ စစ်ကိုင်းတိုင်းဒေသကြီး ရွာသစ်ကြီးရှိ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး တက္ကသိုလ်သို့ နယ်စ
ပ်ရေးရာ ၀န်ကြီးဌာန၏ နှုတ်မိန့်ဖြင့်ပြောင်းရွေ့ခဲ့ရသော တိုင်းရင်းသား ကျောင်းသားများသည် နိုဝင်ဘာလ ၂၃ ရက်နေ့ မွန်းတည့် ၁၂ နာရီမှစပြီး ပြည်ကြီးတံခွန်မြို့နယ် အတွင်းရှိ ပြည်ထောင်စုတိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေး ဒီဂရီကောလိပ်အ၀င်လမ်းတစ်လျောက်တွင် တိုင်းရင်းသားဝတ်စုံများဝတ်ဆင်ကာ ဒူးထောက်၍ မိမိတို့၏ မူလကျောင်းတွင်ပြန်လည်တက်ခွင့်ရရှိရန် ဆန္ဒထုတ်ဖော်လျက်ရှိကြောင်း သိရှိရသည်။ထိုသို့ ကျောင်းသားများဆန္ဒထုတ်ဖော်ရာနေရာသို့ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ဇော်ဝင်းလာရောက်၍ ကျောင်းသားများ၏ ဆန္ဒကို အထက်သို့တင်ပြပေးမည်ဟု ပြောသော်လည်း ကျောင်းသားများမှာ တိကျသည့် အဖြေမရမချင်းယခုနေရာမှ မထဟုဆိုကာ ဆက်လက်ဆန္ဒဖော်ထုတ်နေကြကြောင်း သိရသည်။ ယင်းကျောင်းသားများက လက်ရှိအချိန်မှ ညနေ ၃ နာရီအတွင်း တိကျသောအဖြေတစ်ခုမရရှိပါက လမ်းမပေါ်ထွက်၍ ဆန္ဒထုတ်ဖော်မှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ —

အေးချမ်းမွန်မှ Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Eleven Media Group

No comments:

Post a Comment