Friday, November 23, 2012

ဆီပုံးလှယ်စဉ် မီးလောင်မှုဖြစ် အိမ်ရှင်ဒဏ်ရာစိုးရိမ်ရ



http://www.myitmakhamediagroup.com/administratorpanel/image/23-11-12-10%20(1).JPG


လှိုင်သာယာမြို့နယ် (၁၁) ရပ်ကွက်၊ မန္တလေးလမ်းနှင့် ခိုင်သဇင်လမ်းထောင့်ရှိ ဓါတ်ဆီရောင်းချသည့် နေအိမ်၌ နံနက် (၉) နာရီ၊ (၂၂) မိနစ်ခန့်က ဆီပုံးလှယ်ရာမှ မီးလောင်ကျွမ်းသဖြင့် လူတစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။“အခု လောင်တာက ဓာတ်ဆီကိုပုံးထဲကို ဓာတ်ဆီလှယ်တဲ့အချိန်မှာ ဓာတ်ဆီကဖိတ်ပြီးတော့ မီးဖိုဆီကို စီးကျသွားတယ်။ ဓာတ်ဆီစီးကျတဲ့ အချိန်မှာ မီးဖိုက မီးနဲ့ တွေ့ပြီး လောင်
သွားတာပါ ဟု မီးသတ် တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
 
 
မီးလောင်ကျွမ်းမှုကြောင့် အိမ်(၂)လုံး အပေါ်ထပ်များ မီးလောင်ခဲ့ခြင်းဖြစ်ပြီး  ဆုံးရှုံးမှုတန်ဖိုးမှာ (၆) သိန်းဖိုး ဆုံးရှုံးခဲ့သည်ဟု မီးသတ်မှစာရင်းထုတ်ပြန်ထားသည်။ မီးလောင်မှုကြောင့် အိမ်ရှင်ဦးစောဦး မှာလည်း လက်နှစ်ဖက်၊ ဝဲခြေထောက်၊ ဝဲပါး တို့မှာ မီးလောင်ဒဏ်ရာ ရရှိကာ ၉၀ ရာခိုင်နှုန်း စိုးရိမ်ရ သဖြင့် လှိုင်သာယာဆေးရုံမှ ရန်ကုန်ဆေးရုံသို့ တင်ပို့ထားရသည်။
 
 
 မီးစတင်လောင်သည့် အချိန်မှာ နံနက်(၉) နာရီ၊ (၂၂) မိနစ်ဖြစ်ပြီး (၉) နာရီ၊ (၄၀) တွင် မီးညွန့် ထိန်းကာ (၉) နာရီ၊ (၄၆) မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။ ယခုမီးလောင်သည့် အိမ်ပိုင်ရှင်မှာ တစ်နိုင် တစ်ပိုင် ဓာတ်ဆီရောင်းသူတစ်ဦးလည်းဖြစ်သည်။
 
 
မီးလောင်တဲ့အိမ်က ဓာတ်ဆီကို အခုနှစ်မှ ရောင်းတာ။ သူတို့က စီးပွားဖြစ် လုပ်စားတာမဟုတ်ဘူး။ အိမ်မှာကား တစ်စီးရှိတော့ ပိုတဲ့ဆီလေးတွေကို ဂါလံပုံးတွေနဲ့ရောင်းတာပါ။ အခုစိုးရိမ်ရတယ်တော့ ကြားတယ်။ ဟု မီးလောင်သည့် အိမ်အနီးတွင် နေထိုင်သူတစ်ဦးက ပြောသည်။
 
 
လူနေထိုင်သည့်ရပ်ကွက်များ၌ တရားမ၀င်ဆီရောင်းချခြင်းများအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မီးသတ်ဦးစီးဌာနမှ အမြဲလိုက်လံစစ်ဆေးလျက်ရှိကြောင်းသည်။
 
 
တရားမ၀င် ဆီရောင်းတာကို ဥပဒေအရ တားမြစ်မှာပါ။ တားမြစ်လို့မရရင် ဥပဒေအရအရေးယူ ရမှာပါ။ ကျွန်တော်တို့က သိတာနဲ့သွားပြီး တားမြစ်ပိတ်ပင်တယ်။ တစ်ချို့ခိုးလုပ်တာတွေရှိရင်လည်း လုပ်လို့မရအောင် သွားပြီးတားတယ်။ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထိန်စိုးမှပြောသည်။
 
 
မီးလောင်ရာသို့ မီးသတ်ယာဉ် (၂၂) စီး၊ အုပ်ချုပ်မှုယာဉ် (၄) စီးအပြင် လှိုင်သာယာမြို့နယ်၊ ဘုရင့် နောင်မြို့နယ်တို့မှ မီးသတ်ကားများနှင့် လှိုင်သာယာ၊ သန်လျင်တို့မှ သန္ဓေမီးသတ်ဝင်အင်အား ၅၀၊ အရံအင်အား ၅၀ ဖြင့် လာရောက်ငြိမ်းသတ်ခဲ့သည်၊

မြစ်မခမီဒီယာ
http://www.myitmakhamediagroup.com/administratorpanel/image/23-11-12-10%20(1).JPG

No comments:

Post a Comment