Tuesday, November 27, 2012

ခွင့်ပြုချက်မရှိဘဲ ဘုရားများပင့်လာသူ


၂၆-၁၁-၂၀၁၂ ရက်နေ့ ၁၆၂၀ အချိန် ကျိုင်းတုံမြို့၊ ကျိုင်းတုံ-တာချီလိတ်လမ်း၊ နောင်နွန်း ပူးပေါင်း စစ်ဆေးရေးစခန်းတွင် ကျိုင်းတုံမှတာချီလိတ်သို့သွားမည့် ပင်လုံမြို့၊ ရပ်ကွက်(၁)နေ ထွန်းမြင့်(၃၈)နှစ်မောင်းနှင်၍ ဇနီးဖြစ်သူ နန်းခမ်းဆာ(၂၈)နှစ်လိုက်ပါလာသော ယ/xxxx DT YAMAHA ဆိုင်ကယ်အား ရှာဖွေခဲ့ရာ ဆိုင်ကယ် ကယ်ရီယာခုံပေါ်ရှိ ခရီးဆောင်အိတ်အတွင်းမှ
ဂျာနယ်စက္ကူများဖြင့်ထုပ်ထားသည့် ကြေးသွန်းဘုရား ၄ ဆူနှင့် ရဟန္တာပုံတော် ၁ ဆူတို့အား သိမ်းဆည်းရမိခဲ့သည်။ စစ်ဆေးချက်အရ ထွန်းမြင့်နှင့် နန်းခမ်းဆာတို့သည် သာသနာရေးဦးစီးဌာန၏ ခွင့်ပြုမိန့်မပါရှိဘဲ သယ်ဆောင်လာသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ကျိုင်းတုံရဲစခန်း (ပ)၂၅၆/၂၀၁၂ ပြစ်မှုပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
from -ရဲဇာနည်

No comments:

Post a Comment