Friday, November 9, 2012

ဘင်္ဂါလီဟုရေးသားဖော်ပြခြင်းအပေါ် လက်မှတ်ရေးထိုးခြင်းမရှိဘဲ ကန့်ကွက်ခဲ့ကြကြောင်းသိရှိရ


thn-9-11-1

ရခိုင်ပြည်နယ်အတွင်းခိုးဝင်နေသော ဘင်္ဂါလီများရှိမရှိကို စီမံကိန်းဖြင့် စစ်ဆေးဆောင်ရွက်ရာ ထွက်ဆိုချက်များအပေါ်လက်မှတ်ရေးထိုးသည့် အပိုင်း ၌ ရိုဟင်ဂျာဟုသာရေးထိုးပေးရန် တောင်းဆိုမှု များရှိနေပြီး ဘင်္ဂါလီဟုရေးသားဖော်ပြခြင်းအပေါ်ကန့်ကွက်ဆန့်ကျင်မှုများရှိနေကြောင်း သိရှိရပါသည်။

နိုဝင်ဘာလ ၆ ရက်နေ့မှစတင်ကာ ပေါက်တောမြို့နယ်ရှိ ကျေးရွာများသို့ ကွင်းဆင်းစစ်ဆေး ရာတွင် ဆင်တက်မော်ကျေးရွာအုပ်စုသို့ အဖွဲ့(၅)ဖွဲ့၊ ကြိမ်နီပြင်ကျေးရွာအုပ်စုသို့ အဖွဲ့(၃)ဖွဲ့၊ ငှက်ချောင်း ကျေးရွာအုပ်စုသို့ အဖွဲ့ (၄)ဖွဲ့၊ ဆည်သုံးတန်ကျေးရွာအုပ်စုသို့ အဖွဲ့(၁)ဖွဲ့နှင့်ပြိုင်းတောင်ကျေးရွာအုပ်စု သို့ အဖွဲ့(၂)ဖွဲ့သွားရောက်ခဲ့ပြီး နိုဝင်ဘာ ၇ ရက်နေ့တွင် စတင်စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရ သည်။
စစ်ဆေးရေးအဖွဲ့တစ်ဖွဲ့စီတွင် နစက၀န်ထမ်း(၄)ဦး၊ ရခိုင်ကိုယ်စားလှယ် (၂)ဦး၊ ဘင်္ဂါလီကိုယ် စားလှယ် (၂)ဦး၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ဦး၊ ရဲတပ်ဖွဲ့ဝင်(၃)ဦး၊ တပ်မတော်တပ်ဖွဲ့ ၀င်(၃)ဦး နှင့် လ၀က ၀န်ထမ်း(၂)ဦး စုစုပေါင်း ၁၈ ဦးပါဝင်ကြောင်းသိရှိရပါသည်။ စတင်စစ်ဆေးရာ တွင် အသက် ၁၈ နှစ်အထက်ရှိသူများ၏ ဘိုးဘွားများအမည်၊ မွေးဖွားခဲ့သည့် ဇာတိ၊ နေထိုင်ခဲ့သည့်
နေရာ၊ သေဆုံးခဲ့သည့်နေရာ၊ လုပ်ကိုင်စားသောက်ခဲ့မှု၊ ဘိုးဘွားများ၏မျိုးဆက်များအကြောင်းစိစစ် မေးမြန်းခဲ့ကြောင်းလည်းသိရသည်။ ထိုသို့မေးမြန်းပြီးနောက်ထွက်ဆို ချက်များအား သက်သေခံလက် မှတ်ရေးထိုးစေခဲ့ရာတွင် လူမျိုးအမည်ဘင်္ဂါလီလူမျိုးဟုရေးထိုးထားသဖြင့် လက်မှတ်မထိုးဘဲ ငြင်းဆန် မှုများကို ရွာလုံးကျွတ်နီးပါးပြုလုပ်ခဲ့ကြောင်းသိရသည်။ ယင်းအတွက် လ၀က အဖွဲ့ဝင်များသည် လက် မှတ်မထိုးခိုင်းတော့ဘဲ မေးမြန်းမှတ်တမ်းတင်မှုများကိုသာ ဆောင်ရွက်ခဲ့ရကြောင်းလည်း သိရသည်။ ငြင်းဆိုခဲ့သည့်ကျေးရွာများမှာ ပြိုင်းတောင်ကျေးရွာအုပ်စုမှ စစ်ကဲပြင် အောက်ရွာ၊ စစ်ကဲပြင် အလယ် ရွာ၊ ဆင်နမော်ကျေးရွာအုပ်စုတွင် အနောက်ရဲကျေးရွာနှင့် ဆင်တက်မော်ကျေးရွာများအပြင် ပထမနေ့ တွင် စစ်ဆေးသောရွာအားလုံးရှိ ဘင်္ဂါလီများကလက်မှတ်မထိုးပဲ ကန့်ကွက်ဆန့်ကျင်ခဲ့ကြကြောင်းသိရ သည်။
"ဘင်္ဂါလီလူမျိုးမဟုတ်လို့ စာရွက်မှာဘင်္ဂါလီလို့ရေးထားတာကို လက်မှတ်မထိုးနိုင်ဘူး။ အဘိုးက ငါတို့ကို ရိုဟင်ဂျာလူမျိုးလို့ပြောတယ်။ အဘိုးက ဒီမှာသေတာ။ ရိုဟင်ဂျာမှာစာမရှိဘူး။ စကားပဲ ရှိတယ်။ ဘင်္ဂါလီစကားနဲ့မတူဘူး။ ရိုဟင်ဂျာနဲ့ပတ်သတ်ပြီးကျမ်းလည်းမရှိဘူး။ အဘိုးက ရိုဟင်ဂျာ လူမျိုးလို့ပြောတဲ့အတွက် ရိုဟင်ဂျာနာမည်လိုချင်တာဖြစ်ပါတယ်။ ကျွန်တော် သမ္မတပြောတာတွေကို မသိပါဘူး။ ရေဒီယိုလည်းနားမထောင်လို့မကြားပါဘူး။ လူတွေကတော့ ရိုဟင်ဂျာဆိုတာ မရှိဘူးလို့ လဲပြောတယ်၊ ရှိတယ်လို့လဲပြောတာတွေကိုပဲသိတယ်။ အခုစစ်ဆေးတဲ့အခါမှာလက်မှတ်မထိုးလို့ အပြစ်ပေးချင်လဲပေးပါ "ဟု စစ်ကဲပြင်အောက်ရွာမှ ဗလီဥက္ကဌဖြစ်သူ ဦးဆားနင်းအူလ္လာ (၆၈)နှစ် ကပြောသည်။
ဘင်္ဂါလီကျေးရွာများတွင် စစ်ဆေးရေးလာရောက်သည့်နေ့မှစတင်ကာ စုရုံးပြောဆိုမှုများရှိခဲ့ပြီး စစ်ဆေးသောနေ့တွင် လက်မှတ်ထိုးခြင်းကို ရွာအားလုံးက တစ်ပြိုင်တည်းကန့်ကွက်ခဲ့ခြင်ခြင်းဖြစ် ကြောင်းလည်းသိရသည်။ ထိုသို့ကန့်ကွက်ရခြင်းအကြောင်းမှာလည်း ဘင်္ဂါလီဟုရေးသားခြင်းအပေါ် မကျေမနပ်ဖြစ်ကာ ဒီမိုကရေစီခေတ်တွင် ရပိုင်ခွင့်များကိုတောင်းဆိုနိုင်သည်ဟု ယူဆသဖြင့် ထိုသို့ ငြင်းဆိုခဲ့ကြောင်းဖြစ်သည်ဟုလည်း ယင်းဒေသခံ ဘင်္ဂါလီများကပြောပါသည်။
စစ်ကဲပြင်အောက်ရွာမှ နူရာမီ၊အသက် ၅၂ နှစ်၊ မှတ်ပုံတင်အမှတ်(ယ)၀၁၅၂၆၈ ကိုင်ဆောင် သူက "အရင်တုန်းကရိုဟင်ဂျာအသံလွှင်ချက်တွေရှိခဲ့တယ်။ ၁၉၅၂  ခုနှစ်ကစပြီး ရိုဟင်ဂျာမရှိ ဖြစ် လာတယ်။ ပထမတုန်းက မူဆလင်/အစလာမ်လို့ရေးတယ်။ နောက် ဘင်္ဂလီ/အစလာမ်လို့ ရေးထား တယ်။ ဒါပေမယ့် စစ်အာဏာအောက်မှာ ကျွန်တော်တို့ဘာမှမပြောနိုင်ခဲ့ပါဘူး။ အခု ဒီမိုကရေစီခေတ် ဖြစ်လာလို့ ခံစားခွင့်တွေကိုတင်ပြလို့ရတယ်ဆိုလို့ တင်ပြတာဖြစ်ပါတယ်။ အဘိုးအဘွားတွေပြောလို့ ရိုဟင်ဂျာလူမျိုးဆိုပြီးတော့ သိတာပါ။ တစ်ခြား အထောက်အထား မရှိပါဘူး။ အခုကျွန်တော့် ကိုင် ဆောင်ထားတာက ယ နံပါတ် ယာယီကတ်ပြားဖြစ်ပါတယ်။"ဟုပြောကြားခဲ့ပါသည်။
'' အခုလို ဆန့်ကျင်တာဟာ လူတစ်စုရဲ့သွေးထိုးလှုံ့ဆော်မှုတွေပါနေတယ်လို့ မြင်ပါတယ် နိုင်ငံတကာကလည်း ရိုဟင်ဂျာအဖြစ်ဖော်ပြနေတော့ ရိုဟင်ဂျာဆိုတဲ့စကားကို လက်လွှတ်မခံဝံ့ဘူး ဖြစ်နေတာ တွေ့ရတယ်။ အခု စစ်ဆေးခဲ့တဲ့ ဘင်္ဂါလီရွာတွေအားလုံးမှာ တစ်ပြိုင်နက်တည်း လက်မှတ်ရေးထိုးခြင်းမရှိတာဟာ ညှိနှိုင်းထားလို့ဖြစ်နိုင်ပါတယ်။ ဒါဟာ နိုင်ငံတော်သမ္မတရဲ့မူဝါဒနဲ့ပြောဆိုချက်တွေကို ဆန့်ကျင်တာပဲဖြစ်တယ်။ သူတို့ကို နိုင်ငံသားပေးနိုင်တယ်ဆိုရင်တောင်မှ ဒီနိုင်ငံရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေ၊ ပြဌာန်းထားတဲ့ ဥပဒေတွေကို လေးစားလိုက်နာဖို့လိုမယ်။ ဒီမိုကရေစီခေတ်မှာ သူတို့လုပ် ချင်တာကိုလုပ်လို့ရတယ်လို့သူတို့ထင်နေကြတယ်။ အခု ဆူပူမှုတွေဖြစ်တာကလည်း သူတို့လုပ်ချင်သလိုလုပ်နေလို့ဖြစ်လာတာ။ အခုဆိုရင် ရွာတွေကိုဆင်းပြီး စစ်ဆေးနေတာကို လက်မခံဘဲထွက်ပြေးနေကြသူတွေရှိခဲ့တာကိုလည်း သိခဲ့ရတယ်''ဟု စစ်ဆေးရေးအဖွဲ့နှင့်အတူ သွားရောက်လေ့လာခဲ့သော ရခိုင်တိုင်းရင်းသားများကိုယ်စားလှယ် ဦးသိန်းထွန်းအေးက ပြောကြားပါသည်။
ဘင်္ဂလီများလက်ရှိကိုင်ဆောင်ထားသော မှတ်ပုံတင်များမှာ (ယ) နံပါတ်များဖြစ်ပြီး ယင်းတွင် ဘင်္ဂလီလူမျိုးဟုသာရေးသားထားသည်။ သို့သော်လည်း ယခုအခါ ဘင်္ဂါလီဟုရေးသားခြင်းကိုလက်မခံ ဘဲ ရိုဟင်ဂျာဟု ရေးသားစေလိုကြောင်းပြောဆိုနေကြသည်။ လက်ရှိ စစ်ဆေးဆောင်ရွက်နေသောကိစ္စရပ်များသည် နိုင်ငံသားဖြစ်မှု၊ မဖြစ်မှုများနှင့်သက်ဆိုင်နေသဖြင့် ဘင်္ဂါလီများ  အနေဖြင့် ဘင်္ဂါလီ ဟုရေးသားထားခြင်းအပေါ် ထင်မြင်ယူဆချက်လွဲမှားနေခြင်းဖြစ်ပြီး စစ်ဆေးရေးအဖွဲ့များ အနေဖြင့် လည်း လက်ရှိတွင်စစ်ဆေးနေသည့်တိုင် လက်မှတ်ရေးထိုးခြင်း၊ မထိုးခြင်းကို အလေးမထားဘဲ ဆောင်ရွက်နေဆဲဖြစ်ကြောင်းလည်းသိရသည်။
စစ်ဆေးရေးအဖွဲ့သည် ပေါက်တောမြို့နယ်အတွင်း ဆယ်ရက်ခန့်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။ စစ်ဆေးရာတွင် အိမ်ထောင်စုလိုက်၊ မိသားစုဝင်အားလုံးအား အိမ်တိုင်ရာရောက် စစ်ဆေးခြင်းဖြစ်ကြောင်းလည်း သိရသည်။ သို့သော်လည်း မိသားစုများ စုံလင်စွာရှိမနေခြင်း၊ နယ်လွန်များရှိနေခြင်း၊ မှတ်ပုံတင်များပျောက်ဆုံးနေခြင်း၊ မှတ်ပုံတင်ပြုလုပ်ရန် ပျက်ကွက်ခြင်းများနှင့် တရားဝင် လ၀က ဥပဒေအရ လက်ထပ်ခြင်းမျိုးမဟုတ်ဘဲ မိမိတို့၏ သဘောအရ လက်ထပ်ထားခြင်းများနှင့် အိမ်ခွဲနေခြင်းများကိုလည်းတွေ့ရှိရကြောင်းသိရသည်။ စစ်ဆေးချက်များတွင် အဘိုး၊အဘွားများနှင့် ပတ်သက်ပြီးမေးမြန်းရာ၌ အပြည့်အ၀ဖြေဆိုနိုင်သူများ လွန်စွာနည်းပါးလှပြီး အမည်ကိုပင် ကောင်းစွာ မဖြေဆိုနိုင်ကြောင်းနှင့် ဘာသာစကားပြောဆိုမှုတွင်လည်း ရခိုင်ပြည်နယ်တွင်နေပါလျက်နှင့် ရခိုင်ဘာသာစကားကိုပင် ကောင်းစွာပြောဆိုနိုင်သူ နည်းပါးလှကြောင်းလည်း သိရသည်။ စစ်ဆေးဆောင်ရွက်နေစဉ် အချိန်များနှင့် သွားလာရေးအချိန်များတွင် စစ်တပ်နှင့်ရဲများက လုံခြုံရေးအပြည့်အ၀ချထားဆောင်ရွက်ခြင်းများကို ပြုလုပ်ရကြောင်းနှင့် တစ်ချို့သောမိသားစုများသည် စစ်ဆေးခြင်းကိုလက်ခံသော် လည်း တုံ့ဆိုင်းနေမှုများနှင့်ဖြေကြားလိုစိတ်မရှိခြင်းများကို ပြုမူခြင်းများရှိကြောင်းလည်း လ၀က များထံမှသိရှိရပါသည်။
thn-9-11-1
Eleven Media Group

1 comment:

  1. နေခွင့်ရတာဘဲ ကျေးဇူးတင်သင့်နေပြီ။ ရိုဟင်ဂျာဆိုတာ ရှိကိုမရှိခဲ့တာပါ။ ဘင်္ဂလီတွေပါ။ ထိထိရောက်ရာက် ကြပ်ကြပ်မတ်မတ် ကိုင်တွယ်ပေးပါ။ မြန်မာစကားနဲ့ ရခိုင်စကား တစ်ခုခုမှ မပြောတတ်ရင် နေခွင့်မပေးပါနဲ့။

    ReplyDelete