Friday, November 9, 2012

ကျောက်ဖြူတွင် ဒေသခံပြည်သူများဘ၀ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံစိတ်ချနိုင်ရေး ညှိုနှိုင်းပွဲတစ်ရပ်ပြုလုပ်

ယနေ့ နိုဝင်ဘာလ(၉)ရက်နေ့ နေ့လည်(၁)နာရီခန့်တွင် ကျောက်ဖြူမြို့နယ် ဒေသခံပြည်သူလူထု၏ အနာဂတ်လူမှုဘ၀ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံစိတ်ချရေးတို့အတွက် ညှိနှိုင်းတိုင်ပင်ဆွေးနွေးပွဲတစ်ခု ကို ကျောက်ဖြူမြို့နယ် ပရဟိတကျောင်းတွင်ကျင်းပခဲ့ရာ ရဟန်းသံဃာများအပါအ၀င် မြို့နယ်လူထု (၂၉၀)ကျော်ခန့် တက်ရောက်ခဲ့ကြောင်းသိရှိရသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ရခိုင်-ဘင်္ဂလီ ပဋိပက္ခများဖြစ်ပွားပြီးနောက် ဒေသခံပြည်သူလူထုတို့၏ အနာဂတ်လူမှုဘ၀တည်ငြိမ်အေးချမ်းစေရေးနှင့် လုံခြုံစိတ်ချစေရေးအတွက် ဆွေးနွေးတိုင်ပင်ကြရာ ကျောက်ဖြူမြို့ရှိ ဘင်္ဂလီများအား ရခိုင်များနှင့်အတူယှဉ်တွဲကာ ပြန်လည်နေရာချထားရေးနှင့် ၄င်းတို့အတွက် နေထိုင်ရန်နေရာတစ်နေရာ တောင်းဆိုချက်များကို လုံးဝလက်မခံနိုင်ကြောင်း တညီတညွတ် တောင်းဆိုလိုက်ကြသည်။
ဘင်္ဂလီများနှင့် အတူယှဉ်တွဲနေထိုင်ရန် မဖြစ်နိုင်သည့် အကြောင်းပြချက်ကို "ကျနော်တို့အခုလိုတောင်းဆိုတာကို အစွန်းရောက်တယ်လို့ နိုင်ငံတကာအဖွဲ့အစည်းတွေက မြင်ကောင်းမြင်လိမ့်မယ်။ ဒါပေမယ့် ကျနော်တို့ပိုင်တဲ့မြေမှာ တိုင်းတစ်ပါးသားတွေက လာရောက်ပြီး အေးအေးချမ်းချမ်းနေထိုင်၊ လုပ်ကိုင်စားသောက်တာမျိုးမဟုတ်ဘဲနဲ့ ရှိရင်းစွဲဒေသခံပြည်သူလူထုတွေရဲ့ ဇာတိမြေနဲ့ လူမှုဘ၀လုံခြုံမှုကို ခြိမ်းခြောက်ရုံတောင်မက ထိပါးလာတဲ့အခါကျတော့ ကျနော်တို့ရဲ့ အမျိုးသားလုံခြုံရေးအတွက် ကျနော်တို့လုပ်ဆောင်ရပါလိမ့်မယ်။"ဟု ကျောက်ဖြူလူငယ်တစ်ဦးက ပြောသည်။
ဤညှိုနှိုင်းဆွေးနွေးပွဲနှင့်အတူ ကျောက်ဖြူတွင် ဖြစ်ပွားခဲ့ရသည့် ဘင်္ဂလီ-ရခိုင် ပဋိပက္ခနှင့်စပ်လျဉ်း၍ ဖြစ်စဉ်များကိုလည်း တင်ပြခဲ့ကြသည်။
k1 St


K2 St
K3 St
K4 St
K5 StArakantimes.net

No comments:

Post a Comment