Monday, November 5, 2012

အစိုးရအဖွဲ့ ပွင့်လင်းမြင်သာမှုရှိစေဖို့အတွက် ၀န်ကြီးဌာန အားလုံး အခုနှစ်မကုန်ခင် အင်တာနက် ၀က်ဘ်ဆိုက် လွှင့်တင်ထားရမည်

အစိုးရအဖွဲ့ ပွင့်လင်းမြင်သာမှုရှိစေဖို့အတွက် ၀န်ကြီးဌာန အားလုံး အခုနှစ်မကုန်ခင် အင်တာနက် ၀က်ဘ်ဆိုက် လွှင့်တင်ထားကြဖို့ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက ပြောတယ်လို့ ဒီနေ့ထုတ် အင်တာနက်ဂျာနယ်မှာ ဖော်ပြထားပါတယ်။

ဝန်ကြီးဌာနတွေအနေနဲ့ ကိုယ့်ဌာနအကြောင်း၊ ကိုယ့်ဌာန ဘာတွေလုပ်နေတယ်၊ ဘာတွေ လုပ်ဖို့ရှိနေတယ်၊ လုပ်ထုံးလုပ်နည်းတွေက ဘယ်လိုရှိတယ် စတာတွေအားလုံး နိုဝင်ဘာလအတွင်း အပြီး ပြင်ဆင်ပြီး ဒီနှစ်မကုန်ခင် ၀က်ဘ်ဆိုက်တင်ဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ ထူးထူးခြားခြားအနေနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ သူ့ ၀က်ဘ်ဆိုက်ကို လွှင့်တင်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်း အပါအ၀င် အခပေး အင်တာနက် သုံးစွဲသူ ၄ သိန်းနီးပါးပဲ ရှိသေးတယ်လို့ သိရပါတယ်။
From -DVB

No comments:

Post a Comment