Friday, November 9, 2012

အကျင့်ပျက်ခြစားမှုအား ချေမှုန်းရန် သမ္မတ ဟူကျင်တောင် တိုက်တွန်း

တရုတ်သမ္မတဟူကျင်တောင်ကအကျင့်ပျက်ခြစားမှုအား ချေမှုန်းသုတ်သင်ရန် ကွန်မြူနစ်ပါတီ ကွန်ဂရက်တွင် တွန်းအားပေးပြောကြားခဲ့သည်။

၁၈ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ကွန်ဂရက်တွင် သမ္မတ ဟူကျင်တောင်က အဖွင့်အမှာစကားပြောကြားရာ၌ အကျင့်ပျက်ခြစားမှုသည် ပါတီနှင့် နိုင်ငံအား ခြိမ်းခြောက်လျက်ရှိနေပြီး ယင်းအား အမြစ်ပြုတ် ချေမှုန်းသွားရန် ထည့်သွင်းပြောကြားသွားခဲ့သည်။



“ဒီအကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ဖို့ ကျနော်တို့ ပျက်ကွက်ခဲ့ရင် ဒါက ပါတီကို ဆိုးဆိုးရွားရွားတွေ ကြုံတွေ့ရစေနိုင်တယ်။ပါတီပြိုကွဲသွား တဲ့အထိတောင် ဖြစ်သွားပြီး နိုင်ငံလည်း ပြိုလဲသွားနိုင်တယ်” ဟုသမ္မတ ဟူကျင်တောင် ကပြောသည်။

အဆိုပါကွန်ဂရက်သို့ တရုတ်နိုင်ငံတ၀ှမ်းမှ ကိုယ်စားလှယ် ၂၂၀၀ ကျော် တက်ရောက်လာခဲ့ပြီး သမ္မတ ဟူကျင်တောင်က နိုင်ငံရေးပြုပြင်ပြောင်းလဲ မှုများကိုလည်း ပိုမိုလုပ်ဆောင်ရန်တိုက်တွန်းခဲ့သည်။

“နိုင်ငံရေးဖွဲ့စည်းပုံ အပြောင်းအလဲကလည်း တရုတ်နိုင်ငံပြောင်းလဲရေးမှာ အရေးကြီးတဲ့ အစိတ်အပိုင်းပါ။ကျနော်တို့ ဒါကို ပြုပြင်ပြောင်းလဲ ဖို့ နှိုင်းနှိုင်းဆဆ နဲ့ တက်တက်ကြွကြွ ဆက်လက်လုပ်ဆောင် သွားမှာပါ ။ပြည်သူ့အခြေပြု ဒီမိုကရေစီ စနစ်ပိုမိုကျယ်ပြော လာအောင်လုပ်ဆောင်ရ မှာပါ” ဟု၎င်းကပြောသည်။

From -ပေါ်ပြူလာ

No comments:

Post a Comment