Friday, November 9, 2012

ဘင်္ဂလီများလက်မှတ်မထိုးသဖြင့် လ၀က များ အခက်တွေ့


လက်မှတ်မထိုးသည့်အတွက်  လ၀က များအခက်တွေ့ နေရကြောင်း သတင်း ရရှိသည်။ ယခင်က လ၀ကများ သည် ဘင်္ဂလီများ၏ လူမျိုးနေရာ တွင် အမှန်အတိုင်း ဘင်္ဂလီဟု ရေးသားခဲ့သော်လည်း ယခုအခါတွင် ဘင်္ဂလီများက ---ျာ ဟုရေး မှ သာလက်မှတ်ထိုးမည်ဆို လာသဖြင့် ခေါင်း ကိုက်နေရခြင်းဖြစ်ကြောင်း ၊ ယနေ့ တွင်လည်း လက်မှတ်မထိုးသေး
သဖြင့်စာရင်းကောက်ယူသည့် တိုင် ၀န်ခံ လက်မှတ်ရေးထိုးခြင်းကို မပြုလုပ်နိုင်သေးကြောင်းလည်း သိရသည်။

ရွာငါး ရွာရှိ ဘင်္ဂလီများအား စာရင်းကောက်ယူရာတွင် အမျိုးမျိုးတိမ်းရှောင်  ခြင်း၊ လ၀က မသိဘဲ ထိမ်းမြှားလက်ထပ်ပေးစားခြင်းများနှင့် နေအိမ်တွင် ရှိသူ များစာရင်းနှင့် အိမ်ထောင်စုစာရင်းတွင်ဖော်ပြ ထားသူများစာရင်းမှာ ကွာခြား နေသည်များကို တွေ့ရကြောင်းသိရသည်။နိုင်ငံတော် သမ္မတကြီး၏ ပြောကြား ချက်အား လိုက်နာခြင်းမရှိဘဲ ရိုဟင်ဂျာဟု ပြောဆိုနေခြင်းသည် နိုင်ငံတော်သမ္မတကြီးကို တိုက်ရိုက်စော်
ကား လိုက် ခြင်း ဖြစ်ကြောင်းနှင့် ယင်းသို့ ဖြစ်လာစေရန် နောက်ကွယ်က ကြိုးကိုင်လှုပ်ရှား နေသူ များ ရှိနေကြောင်း လည်းသိရသည်။

ယင်းသို့ ကြိုးကိုင်လှုပ်ရှားနေသူများကို စုံစမ်းဖော်ထုတ်ခြင်းမပြုနိုင်သမျှ ကာလ ပတ်လုံး လက်ရှိ စစ်ဆေးနေသော စစ်ဆေးချက်များသည် အထမြောက်မည် မဟုတ်ကြောင်းလည်း ဒေသခံများက သုံးသပ်ပြောဆိုကြပါသည်။
Rakhine Straight Views
 


ဓါတ်ပုံ - မြန်မာ့သားကောင်း


8.11.2012 ရက်နေ့ ၊ စစ်တွေမြို့နယ် ၊ သက်ကေပြင် ဘင်္ဂလီဒုက္ခစခန်းတွင်
 လောင်းစာဆီရောင်းချနေသော ဆိုင်များ မြင်ကွင်း

1 comment:

  1. ကဲ ဘယ်နဲ့ ရှိစ ကိုခင်ရီ.. ခင်ဗျားတို့ ဘာလုပ်မှာလဲ..

    ReplyDelete