Saturday, November 24, 2012

ရခိုင်ပြည်နယ်မှ အိုးအိမ်မဲ့များအတွက် အရေးပေါ်အကူအညီများ ပို့ဆောင်

(Scoop Independent News မှ 24 Nov 2012 ရက်စွဲပါ "Emergency Aid for Displaced in Myanmar's Rakhine State"သတင်းကိုဘာသာပြန်ဆိုသည်)
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ မကြာသေးမီက လူမျိုးစုအဓိကရုဏ်းကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားရသူများအတွက် အရေးပေါ်ကယ်ဆယ်ရေးပစ္စည်း ပို့ဆောင်မှုကိုစတင်နေပြီပာု ကုလသမဂ္ဂဒုက္ခသည် အေဂျင်စီက ယနေ့ထုတ်ပြန်ကြေညာ သည်။ယခုသီတင်းပတ်ဒူဘိုင်းမှ ထွက်ခွာမည့် လေယာဉ်ခရီးစဉ်နှစ်ခုတွင် ပြည်တွင်းအိုးမဲ့အိမ်မဲ့ ဒုက္ခသည်(IDPs)၁၇၅၀၀ ခန့်အတွက် မိသားစု နေနိုင်သောအရွယ် ယာယီရွက်ဖျက်တဲ ၃၅၀၀ ခန့် ပါဝင်မည်ပာု ဆိုသည်။

"လက်ရှိ ကယ်ဆယ်ရေးစခန်းတွေမှာ လူတွေပြည့်လျှံနေပြီး အိမ်ရှင်မိသားစုတွေပာာ သူတို့ကိုယ်သူတို့တောင် အနိုင်နိုင်ရုန်းကန်နေရပါတယ်။ တစ်ချို့လူတွေက မီးလောင်ပြင်မှာပဲ နေကြရတယ်။ တစ်ချို့ကလည်း လှေတွေပေါ်မှာဖြစ်သလို အိပ်ကြရတယ်။ အိုးအိမ်မဲ့ ဒုက္ခသည်တွေနေထိုင်ဖို့ ဘေးကင်းတဲ့နေရာ အရေးပေါ် လိုအပ်နေပါတယ်"ပာု UNHCR ပြောရေးဆိုခွင့်ရှိသူ အေဒရီယမ်အက်ဒွပ်က ဂျီနီဗာတွင် သတင်းထောက်များအားပြောကြား သည်။
ပြီးခဲ့သောလပိုင်းအတွင်း ပေါ်ပေါက်ခဲ့သော ရခိုင်ပြည်နယ်မြောက်ပိုင်းမှ လူမျိုးစုအကြမ်းဖက်မှုများသည် ဇွန်လမှစ၍ ရခိုင်ဗုဒ္ဓဘာသာနှင့် ရိုပာင်ဂျာ မွတ်စလင်များအကြား ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခြေအနေဆိုးဝါးသောကြောင့် အစိုးရက အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာခဲ့ရသည်။
ဇွန်လက အကြမ်းဖက်မှုတွင် လူ ၁၀၀ ခန့်သေဆုံး၍ နေအိမ်ရာပေါင်းများစွာ ပျက်စီးကာ လူပေါင်း ၇၅၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး၊ စက်တင်ဘာလကုန်ပိုင်းတွင် ထပ်မံဖြစ်ပွားသော အဓိကရုဏ်းကြောင့် အနည်းဆုံး ၈၉ ဦးသေဆုံးကာ နေအိမ်ပေါင်း ၅၃၀၀ ခန့်မီးလောင်ပျက်စီး၍ လူပေါင်း ၃၆,၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည်ပာု ကုလသမဂ္ဂခန့်မှန်းချက်များအရ သိရှိရသည်။
ဘေးဒဏ်သင့်ဒေသများတွင် အရေးပေါ်စာနာမှုအကူအညီများ ဆောင်ရွက်ရန်အတွက် နောက်ထပ်ရန်ပုံငွေ ဒေါ်လာ ၄၁ သန်းရရှိရန် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးဌာန OCHA ကမေတ္တာရပ်ခံခဲ့ပြီးနောက် ယခုကဲ့သို့ ကယ်ဆယ်ရေးပစ္စည်းများ ထပ်မံပေးပို့ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
အဓိကရုဏ်းဖြစ်ပွားပြီးချိန်မှစ၍ UNHCR ကမြန်မာနိုင်ငံတွင် အရန်သိုလှောင်ထားသော ရွက်ဖျင်တဲ ၅၀၀ နှင့် Korea International Cooperation Agency က လှူဒါန်းသော ရွက်ဖျင်တဲ ၇၀၀ တို့ကိုဖြန့်ဖြူးပေးခဲ့ပြီး ဖြစ်သည်။ သို့သော် နေထိုင်စရာ အမိုးအကာလိုအပ်ချက် ကြီးမားနေဆဲပာု မစ္စတာအက်ဒွပ်က ဆိုသည်။
UNHCR နှင့်မိတ်ဆွေအဖွဲ့အစည်းများသည် ဇွန်လအဓိကရုဏ်းကြောင့် ဘေးဒဏ်သင့်သူများ အိမ်ပြန်လာနိုင်အောင် မောင်းတောမြို့တွင် နေအိမ်များ ပြန်လည်တည်ဆောက်ရေးကိုလည်း လုပ်ဆောင်နေကြသည်။ ကုလဒုက္ခသည်အေဂျင်စီ UNHCR နှင့်ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP တို့သည် စစ်တွေမြို့တွင်လည်း အကြမ်းဖက်အဓိကရုဏ်းကြောင့် အိမ်မပြန်နိုင်သေးသူ မိသားစု ၄၀၀၀ ခန့်အတွက် ယာယီတဲများကိုတည်ဆောက် ပေးနေသည်။
ကုလသမဂ္ဂဒုက္ခသည် အေဂျင်စီသည် အိုးမဲ့အိမ်မဲ့ဒုက္ခသည် ၅၀၀၀ ကျော်အတွက် အဝတ်အထည်နှင့် တစ်ကိုယ်ရေသုံးပစ္စည်းများ အပါအဝင် ပလပ်စတစ်အခင်း၊ စောင်၊ ခြင်ထောင်၊ အိုးခွက်ပန်းကန်များကိုလည်း ဖြန့်ဖြူးထောက်ပံ့ပေးလျက်ရှိသည်။
"ကျွန်တော်တို့အနေနဲ့ အရေးပေါ်စာနာမှုအကူအညီတွေဖြန့်ဖြူးဖို့ လုပ်ကိုင်နေပေမယ့် ဘေးဒဏ်သင့်သူတွေကာကွယ်ပေးရေး လိုအပ်ချက်ပာာ ကျွန်တော်တို့အတွက် ပထမဦးစားပေး ဖြစ်နေဆဲပါ။ ဇွန်လကစပြီး သွားလာမှုတွေကို ပိုမိုတင်းကြပ်လာတဲ့အတွက် ဘေးဒဏ်သင့်ပြည်သူတွေရဲ့ အသက် မွေးဝမ်းကျောင်းနဲ့ စားစရာဖူလုံရေးကို ထိခိုက်စေပါတယ်။ အခြေခံဝန်ဆောင်မှုတွေ ရရှိရေးပာာလည်း နောက်ထပ်အိုးအိမ်မဲ့ ပြဿနာတွေ ဖြစ်ပွား လာစေနိုင်ပါတယ်"ပာု မစ္စတာအက်ဒွပ်က ပြောကြားသည်။
UNHCR အနေဖြင့် နိုင်ငံသားဥပဒေနှင့် ဆက်စပ်သောကိစ္စရပ်များအတွက် ကျွမ်းကျင်မှုအကူအညီများပေးရန် အသင့်ရှိနေသည်ပာုလည်း အေဂျင်စီပြောရေးဆိုခွင့်ရှိသူ အက်ဒွပ်က ဆက်လက်ပြောကြားခဲ့သည်။

မြန်မာ့သားကောင်းအဖွဲ့

No comments:

Post a Comment