Monday, November 26, 2012

စာမေးပွဲသီးသန့် ဖြေဆိုခိုင်းသည့်ကိစ္စကို သရုပ်ဆောင် မိုးယုစံဖြေရှင်း


လက်ရှိ ကျင်းပလျက်ရှိသော တက္ကသိုလ်စာမေးပွဲ ဒုတိယ အသုတ် ဖြေဆိုမှုများတွင် သရုပ်ဆောင်မိုးယုစံ အနေဖြင့် ပါမေက္ခချုပ်မှစီစဉ်ပေး၍ စာမေးပွဲဖြေဆိုခွင့်ကို သီးသန့်ကျောင်း သားများဖြေဆိုသည့် အတိုင်းသာရော နှောဖြေဆိုခဲ့ကြောင်း The Messenger ဂျာနယ်သို့မိုးယုစံကပြောသည်။
''မျက်လုံးက ပါဝါလွဲလို့ လေ ဆာပစ်ထားတယ်။ ခုကျတဲ့နေရာက ပြောင်းထိုင်လို့ မရတာနဲ့ အခုလို ဖြေ လိုက်တာပါ။ စာမေးပွဲဖြေတဲ့ နှစ်ရက် မှာ ကားရိုက်တဲ့ရက်ဖြစ်နေတော့ စာ မေးပွဲဖြေပြီးတာနဲ့ ကားရိုက်ဝင်ပါ တယ်။ မိုးယုစံမို့လို့ ပါချုပ်က သီးသန့် စီစဉ်ပေးတာတော့မဟုတ်ပါဘူး။ သီး သန့်ခန်းဆိုတာအခန်းတစ်ခန်းထဲမှာ အခြားကျောင်းသားတွေလည်းရှိတယ်။ အခြားကျောင်းသားတွေဆိုတာ အချို့ အဲလိုမျိုးနေမကောင်းလို့ ၊ကျွန်မလည်း နေမကောင်းလို့ ဖြေတာပဲလေ''ဟု ၄င်းက ပြောသည်။
အဆိုပါ သရုပ်ဆောင် မိုးယုစံ အား စာမေးပွဲဖြေဆိုရန်သီးသန့်ခန်း တွင် ပါမောက္ခချုပ်က စီစဉ်ပေးသည့် ဆိုသည့် သတင်းများ အွန်လိုင်းဖေ့စ် ဘုတ်ခ် စာမျက်နှာများတွင်ပျံ့နှံ့နေ ကြောင်း သိရသည်။
လက်ရှိ သရုပ်ဆောင်မိုးယုစံ ဖြေဆိုခဲ့သော ဘာသာရပ်မှာ မြန်မာ စာ နောက်ဆုံးနှစ်ဖြစ်ပြီး၊ အမှန် တကယ် သီးသန့်စာမေးပွဲဖြေဆိုခန်း မှာ အခန်းတစ်ခန်းတွင် ကျောင်းသား ၁ဝ ယောက်အား ဆရာမ ၃ ယောက် က စောင့်ကြပ်ခြင်းဖြစ်ကြောင်း၊ သာ မန်စာဖြေခန်းများ၌ ကျောင်းသား အယောက် ၅ဝ တွင် ဆရာမ ၂ ဦး သာစောင့်၍ ယခုကဲ့သို့ သီးသန့်ခန်း တွင် ဖြေဆိုခြင်းသည် ပိုမိုကျဉ်းကြပ် ကြောင်း မိုးယုစံက ဆိုသည်။
သရုပ်ဆောင်မိုးယုစံသည် မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေ ထီဆိုင်ကြီး၏ Miss ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့ပြီး အနုပညာလောက သို့ စတင်ဝင်ရောက်ခဲ့ကာ ကြော်ငြာ နှင့် ရုပ်ရှင်ဗီဒွီယိုလောက၌ တက် သစ်စ မင်းသမီးတစ်ဦးအနေဖြင့် အောင်မြင်မှု အရရှိဆုံး သရုပ်ဆောင် တစ်ဦး ဖြစ်သည်။
 
From -Messanger Journal

No comments:

Post a Comment