ရန်ကုန်တိုင်း ဒေသကြီး၊ ထန်းတပင်မြို့နယ်၊ သံပုရာခုံ ကျေးရွာအနီး
မိုင်တိုင် ၃/၀ မိုင်တွင် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပေါက်မှု နိုဝင်ဘာလ၂၆
ရက်နေ့၊ နံနက် ၆ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ရေေ အာက် တွင် သွယ်တန်းထားသည့် သဘာဝဓာတ်ငွေ့ပိုက် လိုင်း
ပေါက်ခြင်းဖြစ်ပြီး ထိုသို့ ဖြစ်ပွားမှုကြောင့် မော်တော်ယာဉ်များ
စီအမ်ဂျီဓာတ်ငွေ့ ပေးဝေမှု အနည်းငယ်လျော့နည်းမှု ရှိနိုင်သော်လည်း
ရပ်ဆိုင်းမည်မဟုတ်ကြောင်း သိရှိရ သည်။
''ရေအောက်မှာရှိတဲ့ သဘာဝဓါတ်ငွေ့ပိုက်လိုင်းက ဆွေးပြီးပေါက်တာပါ။
ပိုက်လိုင်းပြုပြင်ရေးဌာနက လုပ်သားတွေ နေ့လယ် ၁၂ နာရီကျော်ကနေ
စတင်ပြင်ဆင်ခဲ့တာ နေ့လယ် ၁ နာရီ ၄၅ မိနစ်မှာ ပြင်ဆင်ပြီး သွားပါတယ်။
မော်တော်ယာဉ်တွေကို သဘာဝဓာတ်ငွေ့ ထုတ်ပေးတာတွေ ရပ်ဖို့တော့ မရှိပါဘူး'' ဟု
ပြောကြားခဲ့သည်။
အဆိုပါပိုက်လိုင်းမှာ ညောင်တုန်းမှ ရန်ကုန်သို့ သဘာဝဓာတ်ငွေ့
ပို့လွှတ်ရန် သွယ်တန်းထားသည့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းဖြစ်ကြောင်း
သိရှိရသည်။
Eleven Media Group
No comments:
Post a Comment