Saturday, December 1, 2012

မိုဘိုင်းဖုန်း အင်တာနက်အသုံးပြုခကို တက္ကသိုလ်ကျောင်းသားများအတွက် ထပ်မံလျော့ပေးမည်

မိုဘိုင်းဖုန်းများဖြင့် အင်တာနက်အသုံးပြုခကို Volume Based Charging စနစ်ဖြင့် ပြောင်းလဲေ ကာက်ခံရာတွင် ကျော င်းသားများအတွက် အထူးနှုန်းတစ်ရပ် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ''ကျောင်းသားတွေအနေနဲ့ ဖုန်းဆက် လာတာတွေ ရှိပါတယ်။ ပညာရပ်ဆိုင်ရာ စာအုပ်တွေကို Download ဆွဲတဲ့အခါမှာ 1Gb နဲ့တင် လုံလောက်မှု မရှိဘူးလို့ ပြောကြတယ်။ အဲဒါကြောင့်
တက္ကသိုလ်ကျောင်းသားတွေအတွက်တော့ နှုန်းထားလျော့ပေးဖို့ အစီအစဉ် ရှိပါတယ်။ သူတို့အတွက် 5Gb ကို ကျပ်သုံးသောင်းခွဲ ကုန်ကျမယ့်နေရာမှာ 4Gb စာပဲ ယူမှာဖြစ်ပြီး 4Gb စာ ၂၈၀၀၀ ကျပ်ကို ထပ်လျော့ပြီး ၂၅၀၀၀ ကျပ်ပဲ ယူမှာဖြစ်ပါတယ်။ အဲဒီလိုပဲ 10 Gb ကို ၄၈၀၀၀ ကျပ်ပဲ ကောက်ခံမှာ ဖြစ်ပါတယ်။ ဆက်သွယ်ရေးရုံးမှာ ကျောင်းသားကတ်နဲ့အတူ လာရောက်လျောက်ထားနိုင်ပါတယ်'' ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၃၀ ရက်နေ့တွင် ပြောကြားခဲ့သည်။
Plan C အရ 1Gb အတွက် နှုန်းထားမှာ ၇၀၀၀ ကျပ်ဖြစ်ပြီး တက္ကသိုလ်ကျောင်းသားများအတွက်မူ 5Gb လျှင် ၂၅၀၀၀ ကျပ်၊ 1Gb လျှင် ၄၈၀၀၀ ကျပ် ကောက်ခံသွားမည်ဟု သိရသည်။
from -EMG

No comments:

Post a Comment